“သစ်တောများကို ရှာဖွေ၊ သတ္တဝါအားလုံး အတူတကွ ရှင်သန်ခြင်း” ဟူသော သစ်တောဆိုင်ရာ ယဉ်ကျေးမှု ပြပွဲကျင်းပ

(GMT+08:00)2022-04-20 16:08:42  

ဧပြီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ် ဝူဇီရှန်း မြို့မှ ဦးစီးကျင်းပသော “သစ်တောများကိုရှာဖွေ၊ သတ္တဝါအားလုံး အတူတကွ ရှင်သန်ခြင်း” ဟူသော သစ်တောဆိုင်ရာယဉ်ကျေးမှု ပြပွဲကို ပိုအော် အာရှဖိုရမ် ဥယာဉ်ပန်းခြံတွင် ကျင်းပမည် ဖြစ်ပါသည်။ ထိတွေ့ အာရုံခံစားမှုဖြင့် ပိုမိုများပြားသော ပြည်သူများအား သစ်တောဆိုင်ရာယဉ်ကျေးမှုများကို ရုပ်လုံးပေါ်စွာ ကြည့်ရှုနိုင်စေပြီး ဝူဇီရှန်းမြို့၏ “စိမ်းလန်းသော တောင်နှင့်ရေသည် ရွှေတောင်ငွေတောင်ဖြစ်ခြင်း”သဘောတရားကို လက်တွေ့ ကျကျ ဖော်ဆောင်မှုကို ခံစားရရှိစေမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။