အမေရိကန်မှ လက်နက်ထိန်းချုပ်ရေးအစီရင်ခံစာကို ထုတ်ပြန်ပြီး တရုတ်ကို မဟုတ်မမှန် စွပ်စွဲခြင်းအပေါ် တရုတ်တုံ့ပြန်

(GMT+08:00)2022-04-20 16:03:56  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မကြာမီက လက်နက်ထိန်းချုပ်ရေး အစီရင်ခံစာ တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံသည် သက်ဆိုင်ရာ ကတိကဝတ်များကို လိုက်နာ ကျင့်သုံးခြင်း မရှိကြောင်း မဟုတ်မမှန် ပြစ်တင်စွပ်စွဲခဲ့သည်။ ယင်းနှင့်ပတ်သက်၍  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဧပြီလ ၁၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ စာချုပ်များကို လိုက်နာကျင့်သုံးခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှု မည်သူ ကောင်းသည် မည်သူ ညံ့သည် ဆိုခြင်းအပေါ် နိုင်ငံတကာမိသားစုကြီးတွင် ခံယူချက် ရှိကြောင်း ပြောကြားခဲ့သည်။