အဘယ်ကြောင့် ဝေလငါး အမြဲသောင်တင်သနည်း၊ လူသားတို့သည် ၄င်းတို့အတွက် ဘာတွေ လုပ်ပေးနိုင်မလဲ

(GMT+08:00)2022-04-20 15:55:29  

ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက မီတာ ၂၀ခန့် ရှည်လျားသည့် စပမ်းဝေလငါး တစ်ကောင်သည် တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် နင်ဘိုးမြို့ ရှန့်ရှန်းခရိုင် အနီးရှိ ပင်လယ်ကမ်းတွင် သောင်တင်ခဲ့သည်။ ဒေသခံ သက်ဆိုင်ရာ လုပ်ငန်းဌာနနှင့် တံငါသည်များသည် ကယ်ဆယ်ရေး လုပ်ငန်းကို ဆောင်ရွက် ခဲ့သည်။ ၂၀ ရက်နေ့ နံနက် ၅နာရီ မိနစ် ၂၀အချိန်တွင် သင်္ဘော၏ ဆွဲငင်မှုနှင့် စောင့်ကြပ်မှုဖြင့် သောင်တင်သော စပမ်းဝေလငါးသည် ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

တရုတ် သိပ္ပံပညာ အကယ်ဒမီ ပင်လယ်ရေနက် သိပ္ပံပညာနှင့် အင်ဂျင်နီယာ သုတေသနဌာန သုတေသီ လင်ဝင်ကြည့်က လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများသည် ဝေလငါး အပါအဝင် အဏ္ဏဝါ သတ္တဝါများအပေါ် ဂယက်ရိုက်ခတ်မှု ရှိကြောင်း၊ လူသားတို့သည် ကိုယ့်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာတွင် တောရိုင်းတိရိစ္ဆာန်များ မှီခိုအားထားရသည့် အရင်းအမြစ်များကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်သင့်ကြောင်း ပြောကြားသည်။