ကန်၊ဗြိတိန်၊ကနေဒါ သုံးနိုင်ငံတို့သည် ယူကရိန်းအား လက်နက်ထောက်ပံ့မှု နောက်ထပ်ပေးမည်ဟု ကြေညာ

(GMT+08:00)2022-04-20 16:12:21  

ဒေသစံတော်ချိန် ဧပြီလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်သည် ဗြိတိန်ဝန်ကြီးချုပ်၊ ကနေဒါဝန်ကြီးချုပ် စသောခေါင်းဆောင်များနှင့် ဗီဒီယိုအစည်းအဝေးကျင်းပခဲ့ပြီး ရုရှား-ယူကရိန်း အချင်းပွားမှုကို မည်သို့ရင်ဆိုင်ဖြေရှင်းမည်နည်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ သုံးနိုင်ငံတို့က ယူကရိန်းအား ပိုများသောလက်နက်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာမည့် ၃၊၄ ရက်တွင် ဘိုင်ဒန်သည် ယူကရိန်းအား နောက်ထပ်တစ်ကြိမ် စစ်ရေးထောက်ပံ့မှုကို ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ပမာဏသည် ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော အမေရိကန်ဒေါ်လာ သန်း(၈၀၀)တန်ဖိုးရှိသည့် စစ်ရေးထောက်ပံ့မှုနှင့် နီးစပ်ကြောင်း ဓာတ်သိသူများက ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ အဆိုပါသတင်း မှန်ကန်ပါက ရုရှား-ယူကရိန်း အချင်းပွားမှုဖြစ်ပွားပြီးနောက် အမေရိကန်မှ ယူကရိန်းအား ပံ့ပိုးပေးသော စစ်ရေးထောက်ပံ့မှုပမာဏသည် အမေရိကန်ဒေါ်လာ (၃)ဘီလီယံရှိလိမ့်မည် ဖြစ်သည်။