အသက် ၅၀ ကျော် ပီကင်းရောက် ဖွားဖွားရဲ့ပန်းချီဆရာ အိပ်မက်

(GMT+08:00)2022-04-20 15:52:12  

ပီကင်းမြို့၊ ချောရောင် မြို့နယ်၊ အန်ကျာလို ရွာ၌ ၆ စတုရန်းမီတာ အကျယ်အဝန်းရှိသော အငှားခန်းတွင် အိပ်ရာနှင့် မီးဖိုများအပြင် အများစုမှာ ပန်းချီနှင့် ပန်းချီကိရိယာများဖြစ်ကြသည်။ အသက် ၅၃ နှစ်အရွယ် ဖွားဖွား ဝမ်လျူယွင်သည် ဤကျဉ်းမြောင်းသောအခန်းတွင်ပင် နေထိုင်ပြီး မိမိဘဝ၏ အိပ်မက်အတွက် ကြိုးစားနေပါသည်။

        လွန်ခဲ့သော ၂ နှစ်ခန့်တုန်းက ဝမ်လျူယွင်သည် မွေးရပ်မြေ ဖြစ်သော ဟူနန်ပြည်နယ် လိုဒီမြို့မှ ပီကင်းမြို့သို့ ရောက်လာပြီး လက်ရှိ အချိန်မှာ ပီကင်းမြို့ရှိ ရုံးခန်းတစ်ခန်းတွင် သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်နေသည်။ သန့်ရှင်းရေးသမားအလုပ်ကလွဲ၍ သူမသည် မိမိ၏ အားလပ်ချိန်အားလုံးနီးပါးတွင် ပန်းချီကိုပဲဆွဲသည်။ ၂၀၂၁ ခုနှစ်ကစပြီး သူမသည် မိမိ၏ ပန်းချီလက်ရာများကို အွန်လိုင်းတင်ပြီးနောက် ချီးကျူးမှု များစွာ ရရှိလာသည်။ ယခုနှစ်ကစပြီး သူမ၏ ပန်းချီလက်ရာများကို ဝယ်ချင်သူလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး ပန်းချီတစ်ချပ်ကို ယွမ် ၃၀၀ မှ ၈၀၀ အထိ ရောင်းချသည်ဟု သိရပါသည်။