ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန် တက်ရောက် မည်

(GMT+08:00)2022-04-20 11:25:17  

     

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဧပြီလ ၂၁ ရက်နေ့တွင် ပိုအော် အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။

      အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ်၊ မွန်ဂိုလီးယားသမ္မတ Ukhnaagiin Khurelsuh ၊ နီပေါသမ္မတ ဘီဒီယာဒေဗီ ဘန်ဒါရီ၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၊ ကာဇက်စတန်ဝန်ကြီးချုပ် Smaiylov၊ လာအိုဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ်နှင့် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် Kristalina Georgieva စသည့် နိုင်ငံခြားခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် လည်း ဖိတ်ကြားချက်အရ ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ကြမည် ဖြစ်ပါသည်။