အမေရိကန် ဒန်ဗာ မြို့တော်ဝန်သည် တရုတ်နွယ်ဖွားများအား ဝိုင်းပယ်မှု သမိုင်းကြောင်းအတွက် တောင်းပန်ခြင်းအပေါ် တရုတ်နိုင်ငံ ချီးကျူးအတည်ပြု

(GMT+08:00)2022-04-20 16:06:38  

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာ မြို့တော်ဝန် သည် တရုတ်နွယ်ဖွားများအား ဝိုင်းပယ်မှု သမိုင်းကြောင်းအတွက် တောင်းပန်ခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဧပြီလ ၁၉ ရက်နေ့တွင် ချီးကျူး အတည်ပြုပြီး သမိုင်းကိုမှန်တစ်ချပ်အဖြစ် သင်ခန်းစာယူမှသာ အဖြစ်ဆိုးများကို ရှောင်ရှား နိုင်မည်ဟု ထောက်ပြခဲ့သည်။

ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ် ဒန်ဗာ မြို့တော်ဝန်မိုင်ခေလ် ဟန်ခိုခ်သည် ကြေညာချက်တစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်ရာတွင် ၁၈၈၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေး ဆူပူမှု အတွက် တရုတ်နွယ်ဖွား လူနေရပ်ကွက်များအား တောင်းပန်ကြောင်း ဖော်ပြခဲ့ပါသည်။ ဒန်ဗာ မြို့သည် အမေရိကန်နိုင်ငံတွင် တရုတ်နွယ်ဖွားများအား ဝိုင်းပယ်မှု သမိုင်းကြောင်း အတွက် တောင်းပန်သော မြို့များမှ ပဉ္စမမြောက်မြို့ဖြစ်သည့်အပြင် ကယ်လီဖိုးနီးယား ပြည်နယ် အပြင်ဘက်မှ ပထမဆုံးမြို့လည်းဖြစ်ကြောင်း အမေရိကန် CBS သတင်းဌာနက ဖော်ပြခဲ့သည်။