တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင် သံအမတ်ကြီးရောဂါဖြင့် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကသတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြား

(GMT+08:00)2022-04-19 17:48:53  

တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင် သံအမတ်ကြီးရိုမာနာသည် ဧပြီလ ၁၈ ရက်နေ့ကရောဂါဖြင့် တရုတ်နိုင်ငံ၌ ကွယ်လွန်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်ကသံအမတ်ကြီးရိုမာနာကွယ်လွန်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံကဝမ်းနည်းကြေကွဲမိကြောင်း၊ သံအမတ်ကြီးရိုမာနာသည် ဖိလစ်ပိုင်တွင် နာမည်ကျော်ကြားသောတရုတ်ပြည်အကြောင်း ကျွမ်းကျင်သူ ဖြစ်ပြီးတရုတ်ပြည်၌ အချိန်ကြာရှည်စွာနေထိုင် အလုပ်လုပ်ခဲ့ဖူးကာမိမိတို့၏ မိတ်ဆွေဟောင်းနှင့် မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ ၄င်းသည် ၂၀၁၇ ခုနှစ်ကတရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင် သံအမတ်ကြီးတာဝန်ကိုစတင် ထမ်းဆောင်ခဲ့ပြီးနောက် ကြိုးကြိုးစားစားအလုပ်လုပ်ပြီးနှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေးအတွက် အရေးကြီးသောအကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သံအမတ်ကြီးရိုမာနာကွယ်လွန်ခြင်းအပေါ် တရုတ်နိုင်ငံကဝမ်းနည်းကြေကွဲစာနာမိကြောင်း၊ ၄င်း၏ ကျန်းရစ်သူမိသားစုအားစိတ်ရင်းသန့်သန့်ဖြင့် နှစ်သိမ့်စာနာကြောင်းဖေါ်ပြပါကြောင်း၊ မိမိတို့သည် သံအမတ်ကြီး၏ ဆွေမျိုးများနှင့် တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင် သံရုံးနှင့် အတူသက်ဆိုင်ရာနောက်ဆက်တွဲကိစ္စရပ်များကိုသင့်တော်စွာဆောင်ရွက်ပြီးတတ်နိုင်သမျှ အဆင်ပြေအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းပြောကြားသည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။