ယခုနှစ် ပထမ သုံးလပတ်အတွင်း တရုတ်ပြည် ဂျီဒီပီ မြန်မြန်မှန်မှန် တိုးတက်လာ

(GMT+08:00)2022-04-19 15:39:37  

   

   ဒီနှစ် ပထမ သုံးလပတ်အတွင်း တရုတ်နိုင်ငံရဲ့ ဂျီဒီပီဟာ ယွမ် ၂၇၀၁၇့ ၈ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၄့ ၈ ရာခိုင်နှုန်း တိုးလာပါတယ်။

   ခြုံပြီး ကြည့်ရင် ဒီနှစ် ပထမ သုံးလပတ်အတွင်း တရုတ်ပြည် စီးပွားရေးဟာ ဆက်လက် နာလန်ပြန်ထူလာပြီး မတည်မငြိမ် ဖြစ်နေသော ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်ဖွယ်ရာ အကြောင်းရပ်များကို ထည့်သွင်းထားပါတယ်။

   ဒီနှစ် မတ်လမှာ တရုတ် အမေရိကန် ကုန်သည်များအသင်းမှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် တရုတ်ပြည် စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင် စုံစမ်းမှု အစီရင်ခံစာအရ လုပ်ငန်းကုမ္ပဏီများ ၆၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ယခုလောလောဆယ် နိုင်ငံတကာမှာ ငွေရင်းမြှုပ်နှံမှု စီမံကိန်းရဲ့ ရှေ့ပြေး ငွေရင်းမြှုပ်နှံရာနေရာ သုံးခုထဲမှာ စီမံ ထည့်သွင်း ထားပါတယ်။ လုပ်ငန်းကုမ္ပဏီများ ၆၆ ရာခိုင်နှုန်းက ဒီနှစ်မှာ တရုတ်နိုင်ငံမှာ ငွေရင်းမြှုပ်နှံမှု တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။

   အခက်အခဲများ ကြုံရပေမယ့် တရုတ်နိုင်ငံဟာ တာဝန်ကျေပွန်စွာ ထမ်းဆောင်တဲ့ သဘောထားနဲ့ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုကွင်းဆက် မှန်မှန် လည်ပတ်ခြင်းကို အစွမ်းကုန် ထိန်းသိမ်းထားနေခဲ့ပါတယ်။ ဒီနှစ် ပထမ သုံးလပတ်အတွင်း တရုတ်ပြည်ရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၁၀ ရာခိုင်နှုန်းကျော် တိုးလာပြီး သုံးလပတ် ၇ ခု ဆက်တိုက် တိုးတက်လာကာ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက် တည်ငြိမ်ရေးအတွက် အစားထိုးလို့မရတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေပါတယ်။ တရုတ်နိုင်ငံဟာ ပိုမို အရည်အသွေးမြင့်မားတဲ့ တံခါးဖွင့်ရေးနဲ့ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများကို ဆွဲဆောင်နေပါတယ်။

   ပြည်တွင်းပြည်ပမှာ ကြိုတင်ခန့်မှန်းလို့မရတဲ့ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စ တွေကြောင့် တရုတ်ပြည် စီးပွားရေး အညွှန်းကိန်းတချို့တိုးတက်မှု နှေးကွေး လာပေမယ့် တစ်နှစ်တာလုံး ခြုံပြီးကြည့်ရင် တရုတ်ပြည် စီးပွားရေးဟာ ပုံမှန် ပြန်လည် တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်စီးပွားရေး ခိုင်ခံ့ခြင်း၊ တိုးတက်ရေး အလားအလာ ကျယ်ပြန့် ကောင်းမွန်ခြင်း ဖြစ်တဲ့ ထူးခြားချက်က ပြောင်းလဲမှု မရှိဘူးလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။