ရှီကျင့်ဖိန်သည် တောင်အာဖရိကရေဘေးပြင်းထန်စွာခံရခြင်းနှင့်ပတ်သက်၍ တောင်အာဖရိကသမ္မတရာမာဖိုဆာထံသို့နှစ်သိမ့်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2022-04-19 17:39:55  

ဧပြီလ၁၈ရက်နေ့ကတရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် တောင်အာဖရိကရေဘေးပြင်းထန်စွာခံရခြင်းနှင့်ပတ်သက်၍တောင်အာဖရိကသမ္မတရာမာဖိုဆာထံသို့နှစ်သိမ့်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်ကတောင်အာဖရိကအစိုးရ၏ ခိုင်မာသောဦးဆောင်မှုအောက်တွင် ဘေးသင့်ဒေသများရှိ ပြည်သူများသည် ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ပြီး ၎င်းတို့၏ရပ်ရွာကိုဆောလျင်စွာ ပြန်လည်တည်ဆောက်နိုင်မည်ဟုယုံကြည်ကြောင်းဖေါ်ပြခဲ့သည်။