ယခုရက်များတွင် ဂျေရုဆလင်၌ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခပြင်းထန်လာမှုအပေါ် တရုတ်က အာရုံစိုက်ပြီး၊ စိုးရိမ်မှုဖြစ်မိ

(GMT+08:00)2022-04-19 16:10:01  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုရက်များတွင် ဂျေရုဆလင်၌ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပြင်းထန်လာမှုအပေါ် တရုတ်ပြည်က အလွန်အာရုံစိုက်ပြီး စိုးရိမ်မှုဖြစ်မိကြောင်း ယခုလ ၁၈ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျေရုဆလင်၏ အဆင့်နေရာနှင့် ပိုင်ဆိုင်မှု ရေးရာများသည် ရှုပ်ထွေးပြီး အကဲဆတ်သော ပြဿနာဖြစ်သဖြင့်၊ သက်ဆိုင်ရာဘက်များ အနေနှင့် ကုလသမဂ္ဂ၏ သက်ဆိုင်ရာအတည်ပြုဆုံးဖြတ်ချက်များအရ ဂျေရုဆလင် သာသနာရေး သေဉ်မြေ၏ သမိုင်းနှင့် လက်ရှိ အခြေအနေကို ထိန်းသိမ်းလေးစားရန်၊ ခေါင်းအေးအေးနှင့် စိတ်ရှည်သည်းခံသော သဘောထားဖြင့် အခြေအနေကို ဆက်မဆိုးဝါးစေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။