တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေးထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-04-19 15:45:09  

    ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုခံခဲ့ရခြင်းနှင့်ပတ်သက်၍ ယခုလ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေးထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

    ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှုခံခဲ့ရခြင်းကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုနှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှု ပြင်းထန်နေကြောင်း သိရှိရသဖြင့် မိမိသည် တရုတ်အစိုးရနှင့်တရုတ်ပြည်သူများကိုယ်စား၎င်း၊ မိမိကိုယ်တိုင်အနေနှင့်၎င်း ကွယ်လွန်သူများအပေါ် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြပြီး ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်ပါကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်အား တတ်နိုင်သမျှ ကူညီထောက်ပံ့လိုကြောင်း၊ သမ္မတဒူတာတေးနှင့်ဖိလစ်ပိုင်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ဘေးသင့်ပြည်သူများသည် ဘေးအန္တရာယ်ကို ကျော်လွှားပြီး ရပ်ရွာကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖေါ်ပြခဲ့ပါသည်။