ငြိမ်းချမ်းရေးထိန်းသိမ်းသည့် နှစ် ၃၀ အတွင်း တရုတ်နိုင်ငံ၏ “အပြာရောင်ခမောက်” သည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် လှပသော လုပ်ငန်းကတ်တစ်ခု ဖြစ်လာ

(GMT+08:00)2022-04-19 15:50:33  

ယခုနှစ်သည် တရုတ်နိုင်ငံက ပထမဆုံး အပြာရောင် ခမောက်ဆောင်းတပ်ဖွဲ့ကို တည်ထောင်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် ပါဝင်သည့် ၃၀ ပြည့်နှစ်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က ၁၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံ၏ "အပြာရောင်ခမောက်" သည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် လှပသော လုပ်ငန်းကတ်တစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

ဝမ်ဝင်ပင်က နှစ် ၃၀ အတွင်း တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သားများသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရဲရဲဝံ့ဝံ့ ချီတက်ခဲ့ကြပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း ၂၅ ခုတွင် ပါဝင်ခဲ့ကာ ကမ္ဘာတဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သား စုစုပေါင်း ၅၀၀၀၀ နီးပါးကို စေလွှတ်ခဲ့၍ ၎င်းတို့ကို "ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် အဓိကကျသောအချက်နှင့် အဓိကအင်အားစု" အဖြစ် လူသိများကြောင်း ပြောကြားပါသည်။