နိုင်ငံခြားအာကာသယာဉ်မှူးများ တရုတ်အာကာသစခန်းသို့ လာရောက်လည်ပတ်ရန် ကြိုဆိုပါကြောင်း တရုတ်ဆို

(GMT+08:00)2022-04-19 16:11:16  

နိုင်ငံတကာ အာကာသ ပူးပေါင်းဆောင်ရွက်ရေးအပေါ် တရုတ်ပြည်၏ သဘောထား ရေးရာ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် အာကာသ ဖွံ့ဖြိုးတိုးတက်မှု၏ ရေစီးကြောင်းဖြစ်ပြီး၊ တရုတ် အာကာသစခန်းသို့  နိုင်ငံခြား အာကာသ ယာဉ်မှူးများ လာရောက်လည်ပတ်ရန် ကြိုဆိုပါကြောင်း ယခုလ ၁၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

တရုတ်ပြည်၏ လူပါအာကာသအစီအစဉ် စတင်ချိန်မှစ၍၊ ငြိမ်းချမ်းစွာ အသုံးပြုမှု၊ တန်းတူညီမျှစွာ အပြန်အလှန်အကျိုးရှိစေမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် မူများကို အစဉ်တစိုက် စွဲကိုင်ပြီး၊ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သည့်အတွက် အောင်ကျိုး ရလဒ်များစွာ ရရှိနိုင်ခဲ့ကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။