၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၃၄ ကြိမ်မြောက် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2022-04-18 10:50:24  

 ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၃၄ ကြိမ်မြောက်အစည်းအဝေးကို ယခုလ ၁၈ ရက်နေ့တွင် ပီကင်း၌ ဖွင့်လှစ်ပြီး ကြိုရောင်းကုန်နှင့် ဆင့်ပွားရောင်းကုန်ပစ္စည်းများ ဥပဒေမူကြမ်း၊ အသက်မွေးပညာ သင်ကြားပို့ချရေး ဥပဒေ ပြင်ဆင်ရေးမူကြမ်း၊ အမျိုးသမီးများ အခွင့်အရေးနှင့် အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေး ဥပဒေပြင်ဆင်ရေးမူကြမ်း စသဖြင့်ကို စိစစ် ဆွေးနွေးမည်ဟု  China Media Group မှ သတင်းအရ သိရပါသည်။