မလေးရှား ပြည်တွင်းလေကြောင်းလိုင်းတစ်လိုင်း၏ လက်မှတ်ဈေးနှုန်း ၅၀၀ ရာခိုင်နှုန်း မြင့်တက်လာ၊ မလေးရှားဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးရန် အမိန့်ချ

(GMT+08:00)2022-04-18 14:08:42  

ရမ်ဇာန်အတောအတွင်း လေယာဉ်လက်မှတ်ဈေးနှုန်း ၅၀၀ ရာခိုင်နှုန်း မြင့်တက် လာခြင်းသည် ၂၀၁၁ ခုနှစ်တွင် ချမှတ်သော ဈေးနှုန်းထိန်းချုပ်ရေးနှင့် အမြတ်လွန်မှု တိုက်ဖျက်ရေးဥပဒေ ချိးဖောက်မှု ရှိမရှိနှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အိစ်မေလ်စာဘရီက မိမိသည် မလေးရှားနိုင်ငံ ပြည်တွင်း ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာဝန်ကြီးဌာနဝန်ကြီး အလက်ဇန်းဒါးအား ယင်းကိစ္စကို စုံစမ်း စစ်ဆေးပေးရန် အမိန့်ချခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မလေးရှားနိုင်ငံ ရမ်ဇာန်အတောအတွင်း လေကြောင်းကုမ္ပဏီဝက်ဘဆိုက်အရ စာဘဟ် သို့မဟုတ် စာရာဝါခ်မြို့သို့ သွားသည့် လေယာဉ်လက်မှတ်ဈေးသည် ရင်းဂစ် ၂၀၀၀ ထိ မြင့်တက်လာပြီး ပုံမှန်အချိန်တွင် ရင်းဂစ် ၃၀၀ သာရှိသောဈေးနှုန်းနှင့် နှိုင်းစာလျှင် တူညီသော လေကြောင်းလိုင်းသည် မြင့်တက်နှုန်း ၅၆၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။