တရုတ်နိုင်ငံ၏ ပထမသုံးလပတ်တွင် အမျိုးသားစားသုံးမှုဈေနှုန်းအညွှန်းကိန်း (CPI) သည် အလားတူအချိန်ပိုင်းကထက် ၁.၁ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2022-04-18 14:05:35  

ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံတော် စီးပွားရေးလည်ပတ်မှုအခြေအနေကို မိတ်ဆက်ပေးပါသည်။

ပထမသုံးလပတ်တွင် တရုတ်ပြည်တစ်ပြည်လုံး အမျိုးသားစားသုံးမှု ဈေနှုန်း အညွှန်းကိန်း (CPI) သည် အလားတူအချိန်ပိုင်းကထက် ၁.၁ ရာခိုင်နှုန်း တိုးများလာပြီး ၄င်းအနက် မြို့ပြက ၁.၂ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသက ၀.၇ ရာခိုင်နှုန်း တိုးများ လာကြောင်း၊ အမျိုးအစားအလိုက်ဆိုလျှင် အစားအသောက်၊ ဆေးလိပ်နှင့်အရက်  ဈေးနှုန်းများသည် ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီး  အဝတ်အထည် ဈေးနှုန်း ၀.၅ ရာခိုင်နှုန်း၊ အိမ်ရာ နေထိုင်မှုဈေးနှုန်း ၁.၄ ရာခိုင်နှုန်း၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုဈေးနှုန်း ၀.၆ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဈေးနှုန်း ၅.၅ ရာခိုင်နှုန်း၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဈေးနှုန်း ၂.၆ရာခိုင်နှုန်း၊ ဆေးဝါးကုသရေး ဈေးနှုန်း ၀.၆ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရပါသည်။