တရုတ်ပညာရေးဟာ တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် ပေါင်းကူးတံတားဖြစ်နိုင်တယ်

(GMT+08:00)2022-04-15 15:31:09  

“တရုတ်နိုင်ငံက တက္ကသိုလ်အများစုဟာ စာပေလေ့လာသင်ယူမှုတစ်ခုထဲကို အာရုံစိုက်တာမဟုတ်ဘူး”လို့ ဆိုလာသူက Chinese Government Scholarship ပညာသင်ဆုကို ရရှိခဲ့သူ ဆရာမ မခိုင်ဇာခြည်ထက်ပဲ ဖြစ်ပါတယ်။ သူဟာ ယူနန်ပြည်နယ်၊ တာ့လီတက္ကသိုလ်မှာ တရုတ်စာပေသင်ကြားရေးမေဂျာအထူးပြုနဲ့ မာစတာဘွဲ့ကို ရရှိပြီးနောက် ပညာရည်သောက်စို့ရာ မိခင်တာ့လီတက္ကသိုလ် ကျောင်းတော်ကြီးမှာ မြန်မာဘာသာရပ်ကို သင်ကြားပေးတဲ့ မြန်မာစာဆရာမအဖြစ် တာဝန်ပြန်လည် ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဆရာမ မခိုင်ဇာခြည်ထက်ဟာ တရုတ်နိုင်ငံက ကျောင်းသားတွေကို မြန်မာစာပေနဲ့ ယဉ်ကျေးမှု တွေကို သင်ကြားပေးရင်း မြန်မာနိုင်ငံက တရုတ်စာပေ လေ့လာနေတဲ့ ကလေးတွေကို တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုဘဝတွေကို ဝေမျှပေးဖို့ ရည်ရွယ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။  ဆရာမ မခိုင်ဇာခြည်ထက်နဲ့ CRI ရဲ့ အင်တာဗျူးအပြည့်အစုံကို  နားဆင်ကြည့်ပါဦးရှင်။