ဝင်ချမ် အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ ရှီကျင့်ဖိန် သွားရောက်ကြည့်ရှု

(GMT+08:00)2022-04-15 15:25:01  

ဧပြီလ ၁၂ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဝင်ချမ် အာကာသ ယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်ကြည့်ရှုပြီး စခန်းမှ ဝန်ထမ်းအားလုံးကို နှစ်သိမ့်အားပေးခဲ့ပါသည်။

ရှီကျင့်ဖိန် က မူလအစီအစဉ်အတိုင်း ယခုနှစ်တွင် တရုတ်နိုင်ငံသည် အာကာသ စခန်းကို တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း၊ ထျန်ကျိုအမှတ်၎၊ ထျန်ကျိုအမှတ်၅ ကုန်တင် အာကာသယာဉ်နှင့် ဝင့်ထျန်၊ မွန့်ထျန် စမ်းသပ်ရေးအခန်းများကို ဝင်ချမ် အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည်ဖြစ်ကြောင်း၊ သေချာစွာပြင်ဆင်ရန်၊ သေချာစွာ စည်းရုံးရန်၊ သေချာစွာအကောင်အထည်ဖော်ရန် လိုပြီး လွှတ်တင်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရကြောင်း အလေးထားပြောကြားခဲ့ပါသည်။