ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပ

(GMT+08:00)2022-04-08 11:49:07  

ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပြည်သူ့ခန်းမဆောင်ကြီး၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များက ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲနှင့် မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ထူးချွန်သော အကျိုးပြုမှုများကို ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ဆုများချီးမြှင့်ပေးအပ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။