၂၁ ရာစုစစ်အေးတိုက်ပွဲ လုပ်ကြံရေးသမားကြီးအမေရိကန်

(GMT+08:00)2022-04-06 17:54:05  

ယူကရိန်းအကျပ်အတည်းသည် စစ်အေးတိုက်ပွဲ လုပ်ကြံရေးသမားကြီးအမေရိကန်က ၂၁ ရာစုနှစ်မှာထားရှိသည့် ထောင်ချောက်အသစ် ဖြစ်ပြီးရည်ရွယ်ချက်မှာရုရှားကိုနစ်နာဆုံးရှုံးစေရန်၊ ဥရောပကိုထိန်းချုပ်ရန်၊ ဤသို့ဖြင့် အမေရိကန်၏ ကမ္ဘာပေါ်တွင် အကြွင်းမဲ့ ဗိုလ်ကျစိုးမိုးရေးကိုထိန်းသိမ်းရန်ပင် ဖြစ်ပါသည်။

မျက်မှောက် ယူကရိန်းအခြေအနေသည် ရှုပ်ထွေးပွေလီသောသမိုင်းအကြောင်းရင်းများရှိသော်လည်းအမေရိကန်၏ ရှုထောင့်မှ ကြည့်ပါကယင်းသည် ၄င်းက နှစ်ပေါင်းများစွာအချိန်ယူပြီး ပြုလုပ်ထားသောထောင်ချောက်တစ်ခု ဖြစ်ပါသည်။ အမေရိကန်သည် ယူကရိန်း၌ “Color Variation” တော်လှန်ရေးနှစ်ကြိမ်ကိုရှေ့ဆင့် နောက်ဆင့် တွန်းအားပေးခဲ့ပြီး “Color Variation” တော်လှန်ရေးနှင့် နေတိုးအဖွဲ့ အရှေ့ဘက်သို့ ချဲ့ထွင်ခြင်းတို့သည် ရုရှားအားအမေရိကန်၏ စစ်အေးတိုက်ပွဲ ပွဲခင်းကြီးအတွင်းဝင်စေခဲ့ပါသည်။

ဆိုဗီယက်ပြည်ထောင်စုဆိုင်ရာအမေရိကန်၏ နောက်ဆုံးသံအမတ်ကြီး ဖြစ်သူJack Matlockက ယင်းသည် ကြိုတင်ခန့်မှန်းနိုင်သော၊ ကြိုတင်ခန့်မှန်းဖူးသော၊ တမင် တွန်းအားပေး ဖြစ်စေခဲ့သောအကျပ်အတည်း ဖြစ်သည်ဟုမကြာမီကပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဖူတန်တက္ကသိုလ် မူဝါဒလေ့လာရေးစင်တာဥက္ကဋ္ဌ ထမ်ရှိဖိန်ကရုရှား-ယူကရိန်းအငြင်းပွားမှု မဖြစ်ပွားခင်တွင် အမေရိကန်၏ စစ်မှန်သောရည်ရွယ်ချက်သည် မော်စကိုအားပြေးပေါက်ပိတ်သည့်အထိဖိအားပေးပြီးနောက်ဆုံး၌ ၄င်းအား ယူကရိန်းအပေါ် စစ်ရေးဆောင်ရွက်မှု ပြုလုပ်စေရန် ဖြစ်ကြောင်း၊ ယခုအကြိမ် ယူကရိန်းအကျပ်အတည်းသည် အမေရိကန်ကယူကရိန်း၊ ဥရောပနှင့် ရုရှားအတွက် ဖန်တီးပေးသောအဆိပ်ပါသောဆေးတစ်မျိုးပင် ဖြစ်ကြောင်းပြောကြားပါသည်။

တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်းစစ်ရေးအငြင်းပွားမှုတွင် အမေရိကန်၏ အခြားသောပစ်မှတ်တစ်ခု ဖြစ်သည်။ အမေရိကန် ဦးဆောင်သောအနောက်နိုင်ငံများသည် ယင်းကိစ္စကိုအကြောင်းပြုပြီးတရုတ်နိုင်ငံအားထိုးနှက်ကာ၊ တရုတ်နိုင်ငံအားရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွင် ပါဝင်စေရန် ဖိအားပေးခဲ့ပါသည်။ ထို့ပြင် ဆိုးသွမ်းသောရည်ရွယ်ချက်ဖြင့် အနောက်နိုင်ငံများနှင့် တရုတ်၊ ရုရှားကိုအတိုက်အခံအုပ်စုနှစ်စုအဖြစ် ခွဲထားပါသည်။ ယင်းသည် စံတင်လောက်သောစစ်အေးတိုက်ပွဲ အတွေးအခေါ် တစ်မျိုးပင် ဖြစ်သည်။

တရုတ် လူမှုသိပံ္ပပညာတံခွန်အသင်းအမေရိကန်ရေးရာသုတေသနဌာနသုတေသီ လျူရှန်ကယခုနှစ်များအတွင်းအမေရိကန်သည် တရုတ်နိုင်ငံကိုအရေးအကြီးဆုံးသောမဟာဗျူဟာယှဉ်ပြိုင်ဘက် အဖြစ်ထားပြီးနည်းလမ်းမျိုးစုံဖြင့် တရုတ် ဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်နိုင်သော ပြင်ပပတ်ဝန်းကျင်ကိုဖန်တီးခဲ့ကြောင်း၊ ၂၁ ရာစုနှစ်တွင် အမေရိကန် နိုင်ငံရေးသမားတို့သည် စစ်အေးတိုက်ပွဲ အတွေးအခေါ်ကိုထိန်းသိမ်းထားသည့်အပြင် စစ်ရေးတိုက်ပွဲသစ် ကြံဆချက်ကိုလည်းတွန်းအားပေးနေကြောင်းပြောကြားပါသည်။