ယခုလ ၂၆ ရက်နေ့က ၁၅ ကြိမ်မြောက် တရုတ်-ဂျပန် စွမ်းအင်ချွေတာမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု အထွေထွေ ဖိုရမ်ကို ဗီဒီယိုအသွင်ပုံစံဖြင့် ကျင်းပခဲ့သည်။ တရုတ်၊ ဂျပန်နှစ်နိုင်ငံအစိုးရဌာနများ၊ လုပ်ငန်း ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အသင်းများမှ ကိုယ်စားလှယ် ၃၆၀ ခန့်တို့သည် အွန်လိုင်းနှင့် အော်ဖ်လိုင်းတွင် ကူးလူးဖလှယ်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။
ယခုအကြိမ်ဖိုရမ်တွင် နှစ်ဦးနှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ၁၁ ရပ်ကို ချုပ်ဆိုခဲ့ကြသည်။ တရုတ်-ဂျပန် စွမ်းအင်ချွေတာမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု အထွေထွေဖိုရမ်ကို ၂၀၀၆ ခုနှစ် မှစ၍ ယခုအထိ ၁၅ ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် စုစုပေါင်း ၄၁၃ ရပ်ကို ချုပ်ဆိုခဲ့ကာ၊ တရုတ်၊ ဂျပန်နှစ်နိုင်ငံအကြား စွမ်းအင်ချွေတာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်ကာကွယ်ရေး၊ မြစိမ်းရောင်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ပလက်ဖောင်းဖြစ်လာခဲ့ပြီဟု သတင်းအရသိရသည်။