“ဝေဂါ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေးဥပဒေကြမ်း”ကို ကန် အတည်ပြုခြင်းနှင့် ပတ်သက်၍ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရသည် တည်ကြည်လေးနက်စွာ ကြေညာချက် ထုတ်ပြန်

“ဝေဂါ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေးဥပဒေကြမ်း”ကို အမေရိကန်က အတည်ပြုခြင်းနှင့် ပတ်သက်၍ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရသည် ၂၄ ရက်နေ့က တည်ကြည်လေးနက်စွာ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
အမေရိကန်သည် လူ့အခွင့်အရေးကို အကြောင်းပြချက်ဖြင့် နိုင်ငံရေးကြိုးကိုင်မှု နှင့် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုကို လုပ်ဆောင်ပြီး “ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်း”ကို အတည်ပြုရန် ဇွတ်အတင်း ပြုလုပ်ခဲ့ကြောင်း၊ ၄င်း၏ ဆိုးသွမ်းသော ရည်ရွယ်ချက်မှာ ရှင်းကျန်း တည်ငြိမ်စွာ ဖွံ့ဖြိုးရေးကို ဟန့်တားပြီး ရှင်းကျန်းအကြောင်းကို အသုံးပြု၍ တရုတ်ပြည် ဖွံ့ဖြိုးမှုကို ဟန့်တားရန် ဖြစ်ကြောင်း၊ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နှင့် ရှင်းကျန်း တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြပါသည်။