ရှီကျင့်ဖိန်သည် ဂမ်ဘီယာ သမ္မတ Adama Barrow ထံသို့ ဝမ်မြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ဒီဇင်ဘာလ ၂၄ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂမ်ဘီယာသမ္မတနိုင်ငံ သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်သော Adama Barrow ထံသို့ ဝမ်မြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဂမ်ဘီယာနိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့်နောက်ပိုင်း နှစ်ဖက်တို့ အပြန်အလှန် နိုင်ငံရေး ယုံကြည့်မှု ပိုမို နက်ရှိုင်းလားပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များ သိသာထင်ရှားကာ နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် အရေးကြီး ကိစ္စရပ်များအပေါ် အပြန်အလှန် နားလည် ထောက်ခံပါကြောင်း၊ မိမိသည် တရုတ်နှင့် ဂမ်ဘီယာ နှစ်နိုင်ငံဆက်ဆံရေးကို လွန်စွာ အလေးထားပြီး တရုတ်-ဂမ်ဘီယာနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုရန် သမ္မတနှင့်အတူ ဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။