ကန်မှ “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”၏နောက်ကွယ်တွင် လူသိမပေးဝံ့သော နိုင်ငံရေး ရည်ရွယ်ချက်ရှိသည်ဟု တရုတ် ဆို

အမေရိကန်ဖက်သည် Nathan Lawလို ပြစ်မှုကျူးလွန်သည်ဟု သင်္ကာမကင်းသူ နှင့် “ဟောင်ကောင် သွေးခွဲရေး”သမား အတွက် လှုပ်ရှားမှုပြုလုပ်ရန် ပလက်ဖေါင်းကို ပြောင်ပြောင်တင်းတင်း ဖန်တီးပေးခြင်းသည် အမေရိကန်ဖက်မှ “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး”၏ နောက်ကွယ်တွင် လူသိမပေးဝံ့သော နိုင်ငံရေးရည်ရွယ်ချက်ရှိပြီး နိုင်ငံရေးကြိုးကိုင်မှုသက်သက် ဖြစ်သည်ဟု ပြသထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၂၄ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။