အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရန် အပြန်အလှန် ထောက်ခံရေး ကတိပြုချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား ပန်ကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နှင့် ဂျပန်နှစ်နိုင်ငံသည် အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရန် အပြန်အလှန် ထောက်ခံရေးနှင့် အားကစားကို နိုင်ငံရေးမဖြစ်စေရေးအပေါ် ကတိပြုချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား ပန်ကြားကြောင်း ဒီဇင်ဘာလ ၂၄ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာ သတင်းအရ တိုကျိုအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ဂျပန်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် ဂျပန်မသန်စွမ်းသူများ အိုလံပစ်ကော်မတီဥက္ကဋ္ဌတို့သည် ပီကင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲနှင့် ပီကင်း မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲများသို့ တက်ရောက်မည်ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ်က ပြောကြားခဲ့ကြောင်း၊ ဂျပန်က အစိုးရ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ဖို့ အစီအစဉ် မရှိကြောင်း သိရပါသည်။