ဘယ်သူက ရိုးရိုးသာမန် အမေရိကန်လူမျိုးများရဲ့ ခက်ခဲတဲ့ ခရစ္စမတ်နေ့အတွက် တာဝန် ယူသင့်သလဲ

ဘယ်သူက ရိုးရိုးသာမန် အမေရိကန်လူမျိုးများရဲ့ ခက်ခဲတဲ့ ခရစ္စမတ်နေ့အတွက် တာဝန် ယူသင့်သလဲ_fororder_微信图片_20211225111650

အမေရိကန် ခရစ္စမတ်သစ်ပင် အသင်းမှ ခန့်မှန်းချက်အရ ဒီနှစ် အမေရိကန်မှာ ခရစ္စမတ်သစ်ပင်ရဲ့ ဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာတယ်။ ခရစ္စမတ်သစ်ပင် ဈေးနှုန်း တက်လာခြင်းဟာ ရိုးရိုးသာမန် အမေရိကန်လူမျိုးများရဲ့ နေထိုင်မှု သုံးငွေ ဆက်တိုက် မြင့်တက်လာခြင်းဆိုင်ရာ ရုပ်ပုံငယ် ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ အမေရိကန်မှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၆့ ၈ ရာခိုင်နှုန်းအထိ ရှိပြီး ၃၉ နှစ် အတွင်း အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ အမေရိကန်မှာ လူတော်တော်များများရဲ့ လစာ တိုးလာ ပေမယ့် ဝယ်နိုင်တဲ့ပစ္စည်းတော့ နည်းသည်ထက်နည်းလာပါတယ်။
   လစာတောင်မရှိတဲ့လူတွေနဲ့ ဝင်ငွေနည်းသူတွေ အတွက် ဆိုရင် ဒီနှစ် ခရစ္စမတ်နေ့ ပိုပြီး ခက်ခဲပါတယ်။ Bloomberg သတင်းဌာနမှ သတင်းအရ ဒီဇင်ဘာလ လဦးပိုင်းမှာ အမေရိကန်မှာ လူ ၂၁ သန်းကျော် ဖူလုံတဲ့ အစားအစာတောင် မရှိဘူးလို့ သိရပါတယ်။
   ကဲ့ရဲ့စရာကောင်းတာကတော့ အစုရှယ်များ မြင့်တက်နေတယ်၊ အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်နေတယ်၊ ဓနရဲ့ ထိပ်တန်းနေရာမှာ ရှိတဲ့ သူဌေးများ ပိုက်ဆံ ပိုများလာတယ်။ ဖို့ဘ်စ် ဂျာနယ်မှ ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် တစ်ကမ္ဘာလုံးမှာ ရှေ့ပြေး သူဌေး ၁၀ ဦးအနက် ၆ ဦးက အမေရိကန် သူဌေးတွေ ဖြစ်တယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ သူတို့ရဲ့ ဓနဥစ္စာ ပိုင်ဆိုင်မှုဟာ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၃၀၄ ဘီလီယံ တိုးလာခဲ့တယ်။ ကူးစက်ရောဂါ ဖြစ်ပွားချိန်မှာ အမေရိကန်မှာ ဆင်းရဲ ချမ်းသာမှု ကွာဟချက် မြန်ဆန်စွာ တိုးလာပါတယ်။
   အမေရိကန်မှာ ငွေရင်းနဲ့ သူဌေးများကို ဦးစားပေးတဲ့ အကျင့်ဟာ ပိုမိုပြင်းထန်လာပြီး ရိုးရိုးသာမန် အမေရိကန် လူမျိုးများတော့ စိုးရိမ်ပူပန်မှု ပိုမို ပြင်းထန်လာတယ်။ ကိုယ်ကျိုးစီးပွားကိုပဲဖက်နေကြတဲ့ ဝါရှင်တန် နိုင်ငံရေးသမားများက ရိုးရိုးသာမန် အမေရိကန်လူမျိုးများရဲ့ ခက်ခဲတဲ့ ခရစ္စမတ်နေ့အတွက် တာဝန် ယူသင့်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။