ပါတီသမိုင်းအကြောင်း လေ့လာသင်ယူရေး အောင်ကျိုးရလဒ်များ အဆက်မပြတ် ခိုင်ခံ့ ထွန်းကားလာအောင် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ တစ်ရပ်လုံးတွင် ပါတီ သမိုင်းအကြောင်း လေ့လာသင်ယူရေး ဆောင်ရွက်ခြင်းသည် ပါတီဗဟိုကော်မတီက သက်တမ်း နှစ်တစ်ရာ ကြာမြင့်ပြီဖြစ်သည့် ပါတီသမိုင်း၏ အစဦးပိုင်းသစ်တွင် ရပ်တည်၍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်ရေးအတွက် ပြုလုပ်သော အရေးကြီး မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
   ပါတီသမိုင်း လေ့လာသင်ယူမှု ပေါင်းရုံးသုံးသပ်ရေး အစည်းအဝေးကို ယခုလ ၂၄ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။