ဝေဂါ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေးဥပဒေမူကြမ်းကို ကန် အတည်ပြု ၊ တရုတ်က ပြတ်သားစွာ ဆန့်ကျင်

  ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၃ရက်နေ့တွင် အမေရိကန်နိုင်ငံသည် ဝေဂါ အတင်း အဓမ္မ အလုပ် လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၄င်းမူကြမ်းမှာ အဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၏ လူ့အခွင့်အရေး အခြေအနေကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုကြောင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူများကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ဒေါသထွက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ပြောကြားပါသည်။