အမေရိကန်အစိုးရမှ ကိုယ့်နိုင်ငံနှင့် ကမ္ဘာ့ပြည်သူများ၏ အသက်ရှင်ခွင့်ကို လျစ်လျူရှုခြင်းသည် အမေရိကန်၏ လူ့အခွင့်အရေးကို အုပ်ထိန်းသူ ဟူသော အရေခြုံ အယောင်ဆောင်မှုကို ဖော်ထုတ်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုလ ၂၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် တစ်ကမ္ဘာလုံး ဆေးဝါးကုသရေးနည်းပညာ အခေတ်မီဆုံး၊ ဆေးဝါးကုသရေးအရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံအနေနှင့် အမေရိကန်နိုင်ငံကမူ ကပ်ရောဂါအခြေအနေ ပြင်းထန် အဆိုးရွားဆုံးနိုင်ငံဖြစ်သွားပြီး ပြည်တွင်းပြည်ပ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များကို ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

  မကြာခင်က ဟွာကျုံး သိပ္ပံနည်းပညာတက္ကသိုလ် လူ့အခွင့်အရေး ဥပဒေ သုတေသနဌာနမှ ထုတ်ပြန်ခဲ့သည့် "အမေရိကန် ကပ်ရောဂါတိုက်ဖျက်ရေး၏ လူ့အခွင့်အရေးဘေးဒုက္ခ" အစီရင်ခံစာတွင် အမေရိကန် ကူးစက်ရောဂါ တိုက်ဖျက်ရေး ရှုံးနိမ့်ရခြင်း၏ မူလဇစ်မြစ်မှာ အမေရိကန်စနစ်၏ ချို့ယွင်းချက်များ၊ တန်ဖိုးများ လွဲစေခြင်းနှင့် လူ့အခွင့်အရေးကို ပြင်းထန်စွာ လျစ်လျူရှုခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။