Intelသည် ရှင်းကျန်းဆိုင်ရာအပြောအဆိုနှင့်ပတ်သက်၍ တောင်းပန်

  အမေရိကန် Intel ကုမ္ပဏီမှ ရှင်းကျန်းနှင့်ပတ်သက်သော ပြောဆိုချက်ကို တောင်းပန်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ဘက်သည် သက်ဆိုင်ရာကြေညာချက်ကို သတိထား မိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီအနေနှင့် အဖြစ်မှန်ကို လေးစားပြီး အမှားအမှန်ကို ခွဲခြားသိမြင်ရန် မျှော်လင့်ကြောင်း ၂၃ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

  ရှင်းကျန်းဒေသ၌ အဓမ္မ အလုပ် လုပ်ခိုင်းခြင်း စသော ပြောဆိုချက်သည် အမေရိကန် နိုင်ငံမှ တရုတ်နိုင်ငံကို ဆန့်ကျင်ရေးအင်အားမှ ကြံစည်ပြုလုပ်သော မုသားစကားပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ပျက်ယွင်းစေပြီး ရှင်းကျန်းတည်ငြိမ်မှုကို ဖျက်ဆီးကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့ပါသည်။