နိုင်ငံတကာမိတ်ဖက်များအား အာဖဂန်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီ တိုးချဲ့ပေးရန် တရုတ်ပန်ကြား

  ယခုလ ၂၂ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အာဖဂန် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့်ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို တစ်ညီတစ်ညွှတ်တည်း အတည်ပြုခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ယခုလ ၂၃ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကုလသမဂ္ဂမှ အာဖဂန်ကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးတွင် ပိုမိုကြီးမားသော ညှိနှိုင်းဆောင်ရွက်ရေး အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ နိုင်ငံတကာ မိတ်ဖက်များအား အာဖဂန်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီ တိုးချဲ့ပေးရန် ပန်ကြားကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။