၂၀၂၂ ခုနှစ် ပီကင်းသတင်းစင်တာ သတင်းထောက် မှတ်ပုံတင်လုပ်ငန်းကို မနက်ဖန် စတင်မယ်

  ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကျင်းပချိန်မှာ ၂၀၂၂ ခုနှစ် ပီကင်း သတင်းစင်တာကို ထားရှိမှာ ဖြစ်တယ်။ သက်ဆိုင်ရာ သတင်းထောက် မှတ်ပုံတင် လုပ်ငန်းကို ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက်(၁၀)နာရီမှာ စတင်မှာ ဖြစ်တယ်။ ၂၀၂၂ ခုနှစ် ပီကင်းသတင်းစင်တာရဲ့ဝက်ဆိုက်ကိုလည်း တစ်ချိန်တည်းမှာပဲ ဖွင့်လှစ်မယ်။

  ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့ နံနက်၁၀နာရီအထိ သတင်းထောက်တေဟာ အင်တာနက်ကတစ်ဆင့် မှတ်ပုံတင်လို့ရတယ်။ သတင်းထောက်တွေက http://www.2022bmc.cn ကို ၀င်ရောက်ပြီး သတင်းအချက်အလက်တွေကို ဖြည့်စွက်ကာ လျှောက်လွှာတင်လို့ ရတယ်။