လက်ရှိတွင် တရုတ်နိုင်ငံသည် RCEP အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများ အားလုံး အဆင်သင့်ဖြစ်နေပြီဟု ကုန်သွယ်ရေးဝန်ကြီးဌါန ဆို

  ဒီဇင်ဘာလ ၂၃ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) သည် လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ကောင်းဖုန်းက ကုန်သွယ်ရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာဌာနများအားလုံးနှင့်အတူ RCEP ၏ အရည်အသွေးမြင့် အကောင်အထည်ဖော်ရေး လမ်းညွန်ချက်ကို အချိန်မီ ထုတ်ပြန်မည်ဖြစ်ပြီး ယင်းသည် သက်ဆိုင်ရာဒေသနှင့် လုပ်ငန်းကုမ္ပဏီများအား RCEP စည်းမျဉ်းများကို ပိုမိုကောင်းမွန်စွာ အပြည့်အဝ အသုံးပြုနိုင်ရန်နှင့် ဈေးကွက် တံခါးဖွင့်ရေး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်စေရန်အတွက် ကူညီမည်ဟုပြောကြားပါသည်။