အာဖဂန် ကာဘူးလ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအေဂျင်စီ အရှေ့တွင် ကားဗုံး ပေါက်ကွဲမှုဖြစ်ပွား

  ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက်ပိုင်းက အာဖဂန်ယာယီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသည် ကာဘူးလ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအေဂျင်စီ အရှေ့တွင် ကားဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး လက်ရှိအချိန်အထိ သေကျေအနာတရဖြစ် မှု သတင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ အာဖဂန်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုဘင်က ယင်းပေါက်ကွဲမှုမှာ ကားဗုံးပေါက်ကွဲမှုဖြစ်သည်ဟု ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။