ကန်မှ ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို အနှောင့်အယှက်ပေးခြင်းသည် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးရေးကို တားဆီးရန် အချည်းနှီး ကြံစည်ချက်ဖြစ်သည်ဟု ပူတင်က ဆို

  ရုရှားသမ္မတပူတင်က အမေရိကန်စသောနိုင်ငံများသည် ပီကင်းဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်သို့ တက်ရောက်ရန် အရာရှိများကို စေလွှတ်ခြင်း မပြုရေး ဆုံးဖြတ်ချက်မှာ မှားယွင်းပြီး လက်မခံနိုင်ကြောင်း၊ ၎င်းတို့၏ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို တားဆီးရန် အချည်းနှီး ကြံစည်ချက်ဖြစ်ကြောင်း ၂၃ရက်နေ့က မော်စကိုမြို့၌ နှစ်ပတ်လည် အကြီးစား သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။