အီရန်သည် အီရန်နျူကလီးယားဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲသို့ စိတ်ရိုးသဘောရိုးဖြင့် ဆက်လက် တက်ရောက်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို

  အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘိုဒူလာဟီရန်က အီရန်နိုင်ငံသည် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော် တွင် ကျင်းပသည့် အီရန်နျူကလီးယားဆိုင်ရာ ဘက်စုံသဘောတူစာချုပ် စေ့စပ်ဆွေးနွေးပွဲသို့ စိတ်ရိုး သဘောရိုးဖြင့် ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် အနောက်နိုင်ငံများက မိမိကတော့ ခြေတစ်လှမ်း နောက်ဆုတ်ပြီး အီရန်နိုင်ငံအား ခြေ ၁၀ လှမ်း နောက်ဆုတ်စေချင်သည့် စေ့စပ်ဆွေးနွေးမှု ဗျူဟာကို အီရန်နိုင်ငံသည် လက်မခံကြောင်း၊ အနောက်နိုင်ငံများသည် အီရန်နျူကလီးယားလှုပ်ရှားမှု အပေါ် စိုးရိမ်မှုကို ဖယ်ရှားလိုလျှင် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းသင့်ကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။