• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လင်နဲ့မယားလျှာနဲ့သွားရုပ်သံဇောတ်လမ်းတွဲမိတ်ဆက်

(GMT+08:00) 2014-03-27 11:05:59

၇နှစ်ဆိုတဲ့ အိမ်ထောင်သက်ဟာ သည်းခံစိတ်တွေလည်း အပြန်အလှန် ပါးလျလာတတ်တာမို့ တချို့တွေက အသေးအဖွဲလေးတွေကိုတောင် မိုက်ခရိုစကုပ်ပေါ်တင်၊ပုံကြီးချဲ့ရန်ရှာဖို့ရာ ၀န်မလေးတဲ့ သက်တမ်းတစ်ခုလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဟုတ်ကဲ့၊စတော့ရှယ်ယာကုမ္ပဏီဝန်ထမ်း လီမေနဲ့ အိမ်တွင်းအလှဆင် ဒီဇိုင်နာ ကိုးရံ တို့ရဲ့ အိမ်ထောင်သက်ဟာလည်း အဲဒီလိုအက်သံတွေမြည်တတ်တဲ့ ၇နှစ်တာကာလကို ၀င်ရောက်လာပါပြီ။ကိုးရံ ဟာ အိမ်တွင်းအလှဆင်ဒီဇိုင်းလုပ်ငန်းမှာ နာမည်တစ်လုံးနဲ့လူ။သူ့ရဲ့သားလေးက မူလတန်းတက်တော့မယ့် အရွယ်။အိမ်ထောင်ရေးအခြေအနေကလည်း သီအိုရီအရ အန္တရာယ်ဇုန်ထဲကို ရောက်ရှိလို့လာပြီဆိုပေမဲ့ မဆိုးပါဘူးလို့ ပြောနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့…. လီမေဟာ မိသားစုအပေါ်မှာ အပြည့်အ၀စောင့်ရှောက်နိုင်ဖို့ရာ အခွင့်အရေးတော်တော်များများနဲ့ သူ့အိပ်မက်တွေကို လက်လွှတ်ထားခဲ့ရသူဆိုတော့။ တစ်နေ့၊ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးရဲ့ အောင်မြင်မှုကို တွေ့လိုက်ရတဲ့အချိန်မှာ မိသားစုအတွက် သူ့အတ္တကိုချိုးနှိမ်ပေးဆပ်လိုက်ရတဲ့ အရာတွေ ဟာဆုံရှုံးမှုတွေပဲလို့ ခံစားမိရာကစ၊ သူတို့ရဲ့အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဟာအက်ရာတွေထင်လာပါတော့ တယ်။ လီမေနဲ့တက္ကသိုလ်တုန်းက ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ သားရေပစ္စည်းကုမ္ပဏီပိုင်ရှင် လန်းရှင်းကတော့ သူ့ရဲ့ လုပ်ငန်းအောင်မြင်မှုဟာ လူတကာငေးမောအားကျလောက်တဲ့အနေအထားမှာ ရှိ နေပြီး စီပွားရေးလုပ်ငန်းရှင်ဘုရင်မတစ်ပါးအဖြစ် အမြင့်ဆုံးသရဖူကိုဆောင်းနိုင်ဖို့ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။သူ့ရဲ့ခင်ပွန်းဖြစ်သူ ရွှီရှောင်နင်ကတော့ အလုပ်ကနေထွက်၊အိမ်မှာ ထမင်းဟင်းချက် အိမ်ဝေ ယျာဝစ္စ၊ကလေးထိန်းဘ၀နဲ့ အိမ်တွင်းရေးရာမှာ ဘ၀ကိုပုံ အချိန်ကုန်နေသူဖြစ်ပါတယ်။ လန်းရှင်းရဲ့ခင်ပွန်းက လန်းရှင်းအပေါ် ဂရုတစိုက်ရှိတာ၊လန်းရှင်း လုပ်ငန်းမှာ အောင်မြင်နေတာကို လီမေက အားကျနေသလို လန်းရှင်းကလည်း လီမေတစ်ယောက် သူ့ထက်ပိုပြီး ဥာဏ်ရည်ထက်မြက်တာ၊ ပြီးတော့ အစွမ်းအစရှိ၊လုပ်ရည်ကိုင်ရည်ရှိတဲ့ ခင်ပွန်းတစ်ယောက်ပိုင်ဆိုင်ထားတာကို မနာလိုဖြစ်နေမိပါ တယ်။ သူတို့နဲ့အိမ်နီးချင်း လောင်ချန်ကတော့ အသက်ကလည်း သူ့ထက်တော်တော်ငယ်၊ အလှသွေးက လည်းကြွယ်လွန်းတဲ့ မော်ဒယ်အလှမယ် ချန်မုန်ဆိုသူနဲ့ နောက်အိမ်ထောင်ပြုထားသူ ဖြစ်ပါတယ်။သူတို့လင် မယားကတော့ ချစ်စခင်စ ကြင်စဦးတွေလို တစ်ဦးအပေါ်တစ်ဦး အရူးအမူးရင်ခုန်ကြဆဲပါပဲ။ ချန်မုန်ဟာ လောင်ချန်ကိုလက်ထပ်ပြီး သက်တောင့်သက်သာ ပြည့်ပြည့်စုံစုံဘ၀မှာ နေနိုင်ဖို့ စိတ် ကူးထားသူပါ။ဒါပေမဲ့၊ သူမဟာ အိမ်ထောင်ရှင်မကောင်းပီသစွာနဲ့ အိမ်တွင်းပုန်းဘ၀မှာ မြှုပ်နှံရမှာကို မလိုလားပဲ အလုပ်နဲ့အကိုင်နဲ့ ရဲရင့်တက်ကြွနေတဲ့ အမျိုးသမီးတွေကို အားကျနေသူဖြစ်ပါတယ်။သူမရဲ့ခင် ပွန်း လောင်ချန်က လူလတ်ပိုင်းအရွယ်၊ ကားအရောင်းစင်တာဖွင့်ထားပြီး အေးချမ်းတည်ငြိမ်တဲ့ဘ၀ကိုသာ အရသာတွေ့နေသူဆိုတော့ သူ့ဇနီး အလုပ်ထွက်လုပ်မှာကို မလိုလားသူဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ မတူခြားနား ဘ၀အပေါ်အမြင်ကွဲပြားတဲ့ မြို့ပြမိသားစုလေးစုအကြောင်းကို သရုပ် ဖော်ရိုက်ကူးထားပြီး အဲဒီမိသားစုလေးစုရဲ့ တစ်စုနဲ့တစ်စု မတူခြားနားတဲ့ ကတောက်ကဆများကို ပုံဖော်ထားပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခုမှ ဖြစ်ပေါ်တတ်တဲ့ ကတောက်ကဆအများစုဟာ မဆိုစလောက် သော အသေးအဖွဲကိစ္စတွေကနေ စတင်လေ့ရှိပါတယ်။အဓိကကတော့ ဘယ်လိုနည်းလမ်းဘယ်လိုစိတ်ထားနဲ့ဒီလိုအသေးအဖွဲပြဿနာတွေကိုကြီးထွားမလာအောင်ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာပဲဖြစ် ပါတယ်။ဒီဇာတ်လမ်းတွဲဟာ ဘ၀နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းဖက်ကြပြီဆိုရင် မိသားစုဘ၀ရင်ခုန်သံ ကို ထာဝစဉ်တည်တံ့လှပနေအောင် ဘယ်လိုကာကွယ်စောင့်ရှောက်ကြမယ်၊ အိမ်ထောင်ရေးဘ၀ရဲ့ မနက် ဖြန်တိုင်းဟာ ချစ်ခြင်းများစွာနဲ့ သစ်လွင်နေဖို့ရာ ဘယ်လိုတန်ဘိုးထားမြတ်နိုးသင့်တယ်ဆိုတာကို ညွှန်ပြ ပေးပါတယ်။ ဇာတ်ဆောင်မိတ်ဆက် လန်ရှင်း သားရေပစ္စည်းကုမ္ပဏီပိုင်ရှင်၊ လုပ်ရည်ကိုင်ရည်ရှိအမျိုးသမီး၊အလုပ်လုပ်ရာမှာ ရိုးရှင်းမြန်ဆန်သွက် လက်။ လီမေ မိသားစုအပေါ် အလွန်အလေးထားသော အမျိုးသမီး၊ယခင် စတော့ရှယ်ယာကုမ္ပဏီ ဘဏ္ဍာရေးဌာနမန်နေဂျာ။မိသားစုကို ပိုမိုဂရုစိုက်ပြုစုနိုင်ရန်အတွက် ၀န်ဆောင်မှုဌာနသို့ပြောင်း၊ထို့နောက် စီးပွားရေးကိုဇောက်ချလုပ်ကိုင်သော လုပ်ရည်ကိုင်ရည်ရှိ အမျိုးသမီး။ ရွှီရှောင်နင် အိမ်ပျော်အမျိုးသား၊ ထမင်းဟင်းချက် ဈေးဝယ်တာကိုနှစ်သက်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေဖို့ ကိုသာ အလေးထားသူ။ ကိုးရံ အိမ်တွင်းအလှဆင်ဒီဇိုင်နာ၊လုပ်ငန်းကိုင်ငန်းအဆင်ပြေချောမွေ့နေချိန်မှာ မထင်မှတ်တဲ့ကိစ္စတစ်ခု ကြောင့် အလုပ်မှနှုတ်ထွက်ကာ အိမ်တွင်းထမင်းဟင်းချက်ခင်ပွန်းအဖြစ် ဘ၀ကိုဖြတ်သန်းနေသူ။
   Webradio