• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ကျွန်တော်(ကျွန်မ)က တရုတ် ဝန်ကြီးချုပ်ကို မေးခွန်း မေးချင်တယ်" မေးခွန်း ကောက်ယူရေး လှုပ်ရှားမှုကို ပြုလုပ်နေ

(GMT+08:00) 2014-02-28 21:21:07

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးနဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပ တော့မယ်။ ဝန်ကြီးချုပ် လီခေ့ချန်က အစိုးရအဖွဲ့သစ်ကို ကိုယ်စားပြုပြီး အစိုးရ လုပ်ငန်း အစီရင်ခံစာကို တင်ပြမယ့်အပြင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြည်တွင်းပြည်ပ သတင်းထောက်များရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားမယ်။ တရုတ်ပြည် စီးပွါးရေးမှာ အံ့ဖွယ်ရာ တိုးတက်မှုများ ရှိဦးမလား။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစားအစာ အန္တရာယ် ကင်းရှင်းရေး၊ လူမှုအာမခံပေးရေး၊ ပညာရေး စတဲ့နယ်ပယ်တွေမှာ ဘယ်လိုဆောင်ရွက်မှုတွေ ပြုလုပ်မလဲ။ တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်တဲ့ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ ရေးရာမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားမလဲ။

အခု စီအာအိုင် မြန်မာပိုင်းအစီအစဉ် ဝက်ဘဆိုဒ်မှာ  "ကျွန်တော်(ကျွန်မ)က တရုတ် ဝန်ကြီးချုပ်ကို မေးခွန်း မေးချင်တယ်" မေးခွန်း ကောက်ယူရေး လှုပ်ရှားမှုကို ပြုလုပ်နေတယ်။ သောတရှင်များ မေးခွန်း တင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ သောတရှင်များ မေးခွန်း တင်လိုရင် myanmar@cri.cn သို့ ပေးပို့နိုင်ပါတယ်။

   Webradio