• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွဲလမ်းစရာတရုတ်ပြည်ရဲ့အရသာ အပိုင်း(၃)--ရှီးအန်မြို့ရဲ့ အစားအစာများ

(GMT+08:00) 2013-06-26 16:52:45

ရှီးအန်းကိုလာရောက်လည်ပတ်ပြီး သမိုင်းယဉ်ကျေးမှုအမွေအနှစ်ကိုခံစားကြ

သောတရှင်များရှင်၊ တရုတ်ပြည်အနောက်ပိုင်းမှာတည်ရှိတဲ့ ရှီးအန်းမြို့ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး၊ တရုတ်ပြည်သမိုင်းမှာ မင်းဆက်ခေတ် ၁၃-ဆက်ရဲ့ မြို့တော် လည်း ဖြစ်ခဲ့ဖူးပါတယ်။ အခုအထိဆိုရင်၊ ရှီးအန်းမြို့ဟာ အေသင်မြို့၊ ကိုင်ရိုမြို့နဲ့ ရောမမြို့တို့ နဲ့အတူ နာမည်ကျော်ကြားလာနေပါပြီ၊ ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းမြို့တော် ၄-မြို့ထဲက တစ်မြို့လည်းဖြစ်နေပါပြီ။ ရှီးအန်းဟာ အီတလီစူးစမ်းလေ့လာရေးသမား မာကို-ပိုလို ရေးခဲ့တဲ့ စာပေလက်ရာထဲက နာမည်ကျော် ရှေးပိုးထည်ကုန်သွယ်လမ်းရဲ့ အစပြုရာနေရာဖြစ်ခဲ့ဖူးသလို၊ အခုဆိုရင်၊ လေးနက်ရှည်ကြာတဲ့ သမိုင်းယဉ်ကျေးမှုဖြင့်၊ အဲဒိရှေးဟောင်းမြို့ဟာ လူသိများထင်ရှားကျောစောလာနေပါတယ်။ သောတရှင်များရှင်၊ ဒီကနေ့ အစီအစဉ်မှာ ကျွန်မတို့နဲ့အတူ၊ ရှီးအန်းမြို့ကို သွားရောက်လည်ပတ်ပြီး၊ ရှေးဟောင်း မြို့ရဲ့ခေတ်နဲ့အပြိုင်ညှို့ယူနိုင်စွမ်းအားတွေကို ခံစားကြပါအုံးနော်ရှင်။

သောတရှင်များရှင်၊ အစီအစဉ်မစခင်မှာ၊ ဒီနေ့ဖမ်းယူနားဆင်ရမယ့် ဆုရမေးခွန်း ၃-ခုကို အရင်ပြောပြပါမယ်ရှင်။

၁၊ ပီကင်းမြို့ကနေ ရှီးအန်းမြို့အထိ၊ အမြန်မောင်းရထားနဲ့ သွားမယ်ဆိုရင်၊ အချိန် ဘယ်လောက်ကြာမလဲ။

၂၊ ရှီးအန်းမြို့ရဲ့နာမည်အကျော်ကြားဆုံးရှေးဟောင်းယဉ်ကျေးမှုလမ်းဟာဘာလမ်းလဲ။

၃၊ ရှီးအန်းမြို့မှာ အငှါကား စုစုပေါင်း ဘယ်လောက်ရှိပါသလဲ။

သောတရှင်များရှင်၊ ခရီးသွားလုပ်ငန်းဟာ ရှီးအန်းမြို့ရဲ့ အာမခံလုပ်ငန်းဖြစ်ပါတယ်။ နာမည်ကျော်ခရီးသွားမြို့တစ်မြို့အနေနဲ့၊ ရှီးအန်းမြို့ရဲ့ လမ်းပန်းဆက်သွယ်မှုအဆောက် အအုံဟာ ပြည့်စုံလှပြီး၊ တစ်မြို့လုံးမှာ မြို့လယ်ခေါင်ကနေ၊ ခရီးသွားရှုခင်းသာနေရာတွေ ကို ပေါက်ရောက်တဲ့လမ်းဟာ ၄၀-ကျော်ရှိပါတယ်။ ဒါတင်မကသေးဘူး၊ ရှီးအန်းမြို့ဟာ တရုတ်ပြည်အနောက်မြောက်ပိုင်းဒေသမှာ  မြေအောက်ရထားလမ်းရှိတဲ့ ပထမဆုံးမြို့လဲ ဖြစ်ပါတယ်။ ဒါအပြင်၊ ရှီးအန်းမြို့မှာ အငှါးကား  အစီးပေါင်း တစ်-သောင်း ကျော်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း၊ ရှီးအန်းမြို့ရဲ့ ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်ကောင်းကောင်း နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့်၊ ပီကင်း-ကွမ်ကျိုးမြန်နှုန်းမြင့်ရထားလမ်းမှ ပီကင်းမြို့ကနေ၊ ရှီးအန်းမြို့အထိ မြန်နှုးမြင့်ရထားလမ်းအစိတ်အပိုင်းပေါက်ပြီးတဲ့နောက်၊ ပီကင်း၊ ဝူဟန့်၊ ကွမ်ကျိုးနဲ့ ရှန်ဟိုင်းစတဲ့မြို့ကြီးကနေ ရှီးအန်းအထိဆိုရင်၊ အချိန်တိုတို အတွင်းသွားလာလို့ရနေပြီဖြစ်ပါတယ်။ ပီးကင်းမြို့တော်ကနေ၊ရှီးအန်းမြို့အထိ၊ အမြန်မောင်း ရထားနဲ့သွားမယ်ဆိုရင်၊ ၄-နာရီကျော်လောက်ပဲကြာပါတယ်။ သက်ဆိုင်ရာစာရင်းအရ၊ ၂၀၁၂-ခုနှစ်တစ်နှစ်လုံးက၊ ရှီးအန်းမြို့မှာ လာရောက်လည်ပတ်ံခဲ့တဲ့ နိုင်ငံခြားခရီးသည် ဦးရေဟာ တစ်-သန်းကျော်ရှိခဲ့ပါတယ်။

သောတရှင်များရှင်၊ ရှီးအန်းမြို့မှာ အဖိုးတန်တဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း တော်တော်များများရှိတဲ့အပြင်၊ ယဉ်ကျေးမှုအငွေ့အသက်များလည်းပေါကြွယ်ဝလှပါတယ်။ မကြာခင် နှစ်များက၊ ရှီးအန်းမြို့ဟာ သမိုင်းယဉ်ကျေးမှုအမွေအနှစ်ရဲ့ ခေတ်မီတန်ဖိုးရှာကြံဖို့ တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး၊ ရှိုးယွမ့်မင်ခေါ် ရှေးဟောင်းယဉ်ကျေးမှုလမ်းဟာ စံနမူနာတစ်ရပ်ပဲဖြစ်ပါတယ်။ ရှီးအန်းမြို့ကို ရောက်ခဲ့ဖူးတဲ့ ပြည်တွင်းပြည်ပခရီးသည်တွေ အနေနဲ့၊ ချင်ရှီဟွမ်-စစ်ရုပ်တုသင်္ချိုင်းနဲ့ ရှန်ရှီး-သမိုင်းပြတိုက်စတဲ့ ရှေးဟောင်းသမိုင်းဝင် နေရာတွေကို လည်ပတ်ကြည့်ရှုကြတဲ့အပြင်၊ ယဉ်ကျေးမှုအငွေ့အသက်ပေါကြွယ်ဝလှတဲ့ ရှိုးယွမ့်မင်ခေါ် ရှေးဟောင်းယဉ်ကျေးမှုလမ်းဟာ မသွားမဖြစ် သွားရမယ့်နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်။

    သောတရှင်များရှင်၊ ရှိုးယွမ့်မင်-ရှေးဟောင်းယဉ်ကျေးမှုလမ်းဟာ ရှီးအန်းမြို့ ပေးလင်- ရပ်ကွက်မှာတည်ရှိပြီး၊ ရှီးအန်းမြို့မှာ နာမည်အကျော်ဆုံးရှေးဟောင်းယဉ်ကျေးမှုလမ်းပဲ ဖြစ်ပါတယ်။ အဲဒိရှေးဟောင်းယဉ်ကျေးမှုလမ်းဖြစ်ခဲ့တာ အချိန်ကြာညောင်းခဲပပါပြီ၊ ၂၀-ရာစုနှစ် ၉၀-စုနှစ်က၊ ရှီးအန်းမြို့သက်ဆိုင်ရာဌာနမှ စီမံချထားမှုအရ၊ တရုတ်ပြည် မင်-မင်းဆက်နဲ့ ချင်-မင်းဆက်ခေတ်တုန်းက အဆောက်အဦပုံစံပါရှိတဲ့ ကုန်သွယ်ရေးလမ်း အဖြစ် ပြန်လည်ပြင်ဆင်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

သောတရှင်များရှင်၊ ရှေးဟောင်းမြို့တော်ဖြစ်ပြီး၊ ခေတ်နဲ့အပြိုင် နာမည်ကျော်ကြားနေ တဲ့ ရှီးအန်းမြို့မှာ အေးချမ်းသာယာစွာ လမ်းလျှောက်လည်ပတ်ရင်း၊ ဒီကနေ့အစီအစဉ်လေး ကို ဒီမှာဘဲရပ်နာလိုက်ပါရစေနော်။ နောက်ဆုံးအနေနဲ့၊ ဒီကနေ့ သောတရှင်များဖမ်းယူ နားဆင်ခဲ့တဲ့ ဆုရမေးခွန်း ၃-ခုကို နောက်တစ်ကြိမ်ပြောပြပါမယ်ရှင်။

၁၊ ပီကင်းမြို့ကနေ ရှီးအန်းမြို့အထိ၊ အမြန်မောင်းရထားနဲ့ သွားမယ်ဆိုရင်၊ အချိန် ဘယ်လောက်ကြာမလဲ။

၂၊ ရှီးအန်းမြို့ရဲ့နာမည်အကျော်ကြားဆုံးရှေးဟောင်းယဉ်ကျေးမှုလမ်းဟာဘာလမ်းလဲ။

၃၊ ရှီးအန်းမြို့မှာ အငှါကား စုစုပေါင်း ဘယ်လောက်ရှိပါသလဲ။

   Webradio