• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွဲလမ်းစရာ တရုတ်ပြည်ရဲ့အရသာ--ညဏ်ရည်စမ်းပြိုင်ပွဲ အကြောင်းသိကောင်းစရာများ

(GMT+08:00) 2013-06-24 16:26:19

   ခံစားမှုရသဆိုသည် အမျိုးမျိုးရှိကြပါသည်။ တရုတ်ပြည်၏ ခံစားမှုရသအဖြာဖြာကို တရုတ်လူမျိုးတို့၏ အစဉ်အလာပွဲတော်နေ့များ၊ စားကောင်းသောက်ဖွယ်များ၊ ပန်းအလှ ပန်းချီနှင့်ပန်းချီဆွဲနည်းများ၊ တေးဂီတများ၊ ဗိသုကာအဆောက်အအုံများစသည့်ဘက်များ တွင် ဖော်ပြနိုင်ပါသည်။ လူကြီးမင်းတို့၏ စိတ်ထဲမှာ တရုတ်ပြည်၏ ခံစားမှုရသအဖြာဖြာကို မည်သည့်ဘက်များ၌ဖော်ပြချင်ကြသနည်းဆိုသည်ကိုသိပါရစေ။(သို့မဟုတ်)တရုတ်ပြည်၏ သဘာဝအလှအပများ၊ တရုတ်ဇာတ်သဘင်များ၊ တရုတ်ကွန်ဖူးသိုင်းပညာများ၊ တရုတ် စားကောင်းသောက်ဖွယ်များ စသည်တို့ထဲ မည်သည့်အရာများဖြစ်ပါသနည်း ဆိုသည်ကို သိပါရစေဗျာ။

သောတရှင်များခင်ဗျာ၊ တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားပြီး တရုတ်ပြည်နှင့် တရုတ် လူမျိုးတို့၏ယဉ်ကျေးမှုများကို ပိုမိုသိရှိနားလည်ကာ တရုတ်ယဉ်ကျေးမှုနှင့်ပတ်သက်သော အတတ်ပညာများကို ပြသလိုလျှင် ကျွန်တော်တို့၏ အထူးအစီအစဉ်များကို နားဆင်ကြ ပါခင်ဗျာ။ စီအာအိုင်သည် ၂၀၁၃-ခုနှစ် ဇွန်လမှစ၍ အသံလွှင့်အစီအစဉ်နှင့် Online အစီအစဉ်များဖြင့် တရုတ်ပြည်၏ခံစားမှုရသအဖြာဖြာ ကြိုက်နှစ်သက်ခြင်းဆိုင်ရာ အထူး အစီအစဉ်များကို ထုတ်လွှင့်ပါမည်။ ထို့အပြင် ကျွန်တော်တို့သည် တရုတ်ပြည်၏ ခံစားမှု ရသအဖြာဖြာ ကြိုက်နှစ်သက်ခြင်းဆိုင်ရာ အတတ်ပညာပြိုင်ပွဲကိုလည်း ကျင်းပပါမည်။ သောတရှင်များ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြပါရန် ဖိတ်ခေါ်လိုက် ပါရစေခင်ဗျာ။

သောတရှင်များသည် မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ ဆောင်းပါးလက်ခံခြင်း၊ ပန်းချီဆွဲခြင်း၊ ပန်းအလှပန်းချီနှင့် ပြသခြင်းစသည့်နည်းလမ်းများဖြင့် တရုတ်ပြည်၏ခံစားမှု ရသအဖြာဖြာ ကြိုက်နှစ်သက်ခြင်းဆိုင်ရာ အတတ်ပညာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြ ပါမည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အမျိုးအစားအရေအတွက် ကန့်သတ်ချက်မရှိပါ။

ပြိုင်ပွဲတွင် ပါဝင်သည့် စည်းကမ်းများ။

၁။ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း။

တရုတ်ပြည်၏ခံစားမှုရသအဖြာဖြာ ကြိုက်နှစ်သက်ခြင်းဆိုင်ရာ ဆောင်းပါးတိုင်းတွင် မေးခွန်း၃-ခုစီ ပါရှိပြီး သောတရှင်များက ပြန်လည်ဖြေကြားရပါမည်။

၂။ ဆောင်းပါးလက်ခံခြင်း။

(စကားပြေ၊ ကဗျာစသည့်)နှစ်သက်ရာတို့ဖြင့် တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ အပေါ် ကိုယ်တွေ့ခံစားချက်သို့မဟုတ် တရုတ်ယဉ်ကျေးမှုနှင့်ပတ်သက်ခြင်းတို့ကို ရေးသား ဖော်ပြနိုင်ပါသည်။

၃။ ပန်းချီဆွဲခြင်း။

ပန်းချီသို့မဟုတ် လက်မှုအနုပညာလက်ရာများဖြင့် လူကြီးမင်းတို့၏ စိတ်ခံစားမှုအတိုင်း တရုတ်ပြည်၏ခံစားမှုရသဆိုင်ရာ အကြောင်းအရာအမျိုးမျိုးတို့ကို ဖော်ပြနိုင်ပါသည်။

၎။ ပန်းအလှပန်းချီ။

တရုတ်ပန်းအလှပန်းချီလက်ရာများကိုသာ ပေးပို့ရပါမည်။

၅။ ပြသခြင်း။

ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့် Audio သို့မဟုတ် Video လက်ရာများဖြင့် တရုတ် ဇာတ်သဘင်၊ တေးဂီတ၊ ဝူရှူးသိုင်းပညာ၊ ထိုက်ကျိသိုင်း၊ တိုင်းရင်းသားတူရိယာ၊ ဟင်းချက်နည်းစသော တရုတ်ပြည်နှင့်သက်ဆိုင်သည့် အတတ်ပညာကို ဖော်ပြနိုင်ပါသည်။

ဆောင်းပါးရေးသားပေးပို့ရာတွင် အမျိုးအစားနှင့် စာလုံးရေ ကန့်သတ်ချက်မရှိပါ။ ဆောင်းပါး၏ ခေါင်းစဉ်၊ ကလောင်ရှင်၊ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်အမှတ်နှင့် ဆက်သွယ် ရန်လိပ်စာများကို ရှင်းလင်းစွာဖော်ပြရပါမည်။ ပန်းချီ၊ လက်မှုအနုပညာလက်ရာနှင့် ပန်းအလှပန်းချီစသည်တို့၏ ခေါင်းစဉ်၊ ဖန်တီးသူ၊ မည်သည့်နိုင်ငံသား၊ ဖန်တီးမှုအနုပညာ ဆိုင်ရာရှင်းပြချက်နှင့် ဆက်သွယ်ရန်လိပ်စာများကို ရှင်းလင်းစွာဖော်ပြရပါမည်။ စာတိုက် မှာသော်လည်းကောင်း၊ အီမေးလ်ဖြင့်သော်လည်းကောင်း ပေးပို့နိုင်ပါမည်။ ပြသခြင်း Audio (MP3ဖြင့်ပေးပို့နိုင်ပါသည်။)၊ Video(၁၀-မိနစ်စာရှိသော Videoကို ပေးပို့နိုင်ပါသည်။ Mpeg၊ Mp4 နှင့် Avi စသည့်ပုံစံများဖြင့် ပေးပို့နိုင်ပါသည်။ အခြားပုံစံဖြင့်လည်း ပေးပို့နိုင်ပါသည်။ MB၂၀၀-အတွင်းရှိ Videoကို ရှင်းလင်းပြတ်သားမှုရှိရန် လိုအပ်ပါသည်။)တို့ကိုပေးပို့ရာတွင် အနုပညာဖန်တီးမှုအမျိုးအစားအတွက် ခေါင်းစဉ်၊ ဖန်တီးသူ၊ မည်သည့်နိုင်ငံသားနှင့် ဖန်တီးမှုအနုပညာဆိုင်ရာရှင်းပြချက်တို့ကို ရှင်းလင်းစွာဖော်ပြရပါမည်။

   ၂၀၁၃-ခုနှစ် သြဂုတ်လ ၃၁-ရက်နေ့ နောက်ဆုံးထားပြီး ဖြေကြားလွှာနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အနုပညာဖန်တီးမှုအမျိုးအစားများကို ပေးပို့ရမည်ဖြစ်ပါသည်။ ၂၀၁၃- ခုနှစ် သြဂုတ်လ ၃၁-ရက်နေ့ ည၁၂-နာရီ နောက်ဆုံးထားပြီး ဖြေကြားလွှာနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အနုပညာဖန်တီးမှုအမျိုးအစားများကို Onlineမှ ပေးပို့ရမည်ဖြစ်ပါသည်။ ကျွန်တော်တို့အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် သောတရှင်များမှ ပေးပို့လာသော ဖြေကြားလွှာနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အနုပညာဖန်တီးမှုအမျိုးအစားများကို ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများကို ချီးမြှင်ပေးသွားပါမည်။ အထူးဆုရရှိသူသည် ပြိုင်ပွဲကျင်းပပြီးစီးပြီးနောက် တရုတ်ပြည်သို့ အလည်အပတ် လာရောက်ခွင့်ရရှိပါမည်။

ပြိုင်ပွဲတွင် အောင်မြင်မှုသရဖူကိုရယူနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက် ပါသည်။

 

နိုင်ငံတကာသတင်းဖြန့်ချီရေးသုတေသနဌာန

၂၀၁၃ခုနှစ်၊ ဇွန်လ၊ ၄-ရက်နေ့။

   Webradio