• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွဲလမ်းစရာ တရုတ်ပြည်ရဲ့အရသာ အပိုင်း(၂)--ကွမ်တွန်းမြို့ရဲ့အစားအစာများ

(GMT+08:00) 2013-06-24 15:27:33

တရုတ်ပြည်တောင်ပိုင်းရှိ ကွမ်တုံပြည်နယ် ကျန်းမင်းမြို့စီရင်အုပ်ချုပ်တဲ့ ရှင်ဟွေ့ ရပ်ကွက်၊ ခိုင်ဖိန်မြို့၊ ထိုင်ဆန်မြို့၊ အိမ်ဖိန်မြို့နဲ့ ဟဲ့ဆန်မြို့တို့ဟာ နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးတို့ရဲ့ ပထမဇာတိရပ်ရွာလို့ ခေါ်ဝေါ်ပြီး ကမ္ဘာပေါ်မှာ နည်မည်ကျော်ကြား လှပါတယ်။ ဒီနေ့အထူးအစီအစဉ်မှာ တရုတ်ပြည်ကွမ်တုံပြည်နယ်ကို ရောက်ရှိနေတဲ့ တရုတ်အိုဗာစီ တို့ရဲ့ ဇာတိရပ်ရွာများအကြောင်းကို အစီရင်ခံမှာဖြစ်ပါတယ်။

သက်ဆိုင်ရာစာရင်းကောက်ယူချက်အရ၊ ကမ္ဘာ့နိုင်ငံနဲ့ဒေသ ၁၆၀-ကျော်တို့မှ ရောက်ရှိနေသည့် ကွမ်တုံပြည်နယ်သူပြည်နယ်သား သန်း၃၀-ကျော်ရှိပြီး ပင်လယ်ရပ်ခြားရောက် တရုတ် အမျိုးသားစုစုပေါင်းဦးရေရဲ့၃-ပုံ၂-ပုံလောက်ရှိပါတယ်။ ကွမ်တုံပြည်နယ်မှာ အမိနိုင်ငံပြန် ပင်လယ်ရပ်ခြားရောက်တရုတ်အမျိုးသားဦးရေ ၁-သိန်း၃-ထောင်ရှိပြီး တရုတ်အိုဗာစီရဲ့ မိသားစု ဦးရေ သန်း၂၀-ကျော်ရှိပါတယ်။ သူတို့ဟာ များသောအားဖြင့် ဇူကျန်းမြစ် ဝှမ်းကျွန်းပေါ်ဒေသ၊ ချောဆန့်ကုန်းမြေပြန့်ဒေသနဲ့ မေကျိုးဒေသတွေမှာ မှီတင်းနေထိုင် ကြပါတယ်။ ခိုင်ဖိန်မြို့သားဖြစ်သူ မစ္စတာလျန် ရဲ့မိဘနဲ့ ညီမလေးတို့ဟာ ကနေဒါနိုင်ငံ ကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီဖြစ်ပါတယ်။ အရင်တုန်းက နိုင်ငံခြားကို ရွှေ့ပြောင်းနေထိုင်မှု နဲ့ပတ်သက်ပြီး မစ္စတာလျန် က၊ (အသံ--၁)

လွန်ခဲ့တဲ့အနှစ်၁၀၀-ကျော်တုန်းကလူအတော်များများဟာ နိုင်ငံခြားကို သွားရောက် ပြီး စီးပွားရှာခဲ့ကြကြောင်း၊ နောက်နောင်မှာ မိသားစုဝင်နှင့် ဆွေးမျိုးများမှတစ်ဆင့် နိုင်ငံခြားကို သွားရောက်ဖို့ လျှောက်လွှာတင်ခဲ့ကြကြောင်း၊ အခု လူတော်တော်များများ ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားကို ရွှေ့ပြောင်းနေထိုင်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြ ကြောင်း၊ အရင်တုန်းက ကျွန်တော်တို့ဟာ များသောအားဖြင့် အမေရိကနိုင်ငံတွေကို သွားရောက်ပြီး သတ္ထုတူးဖော်မှုနဲ့ မီးရထားလမ်းဖေါက်မှုစတာတွေကို လုပ်ကိုင်ခဲ့ကြ ကြောင်း ပြောကြားခဲ့ပါတယ်။

ခေတ်တွေဘယ်လိုပင်ပြောင်းလဲလာသော်ငြာလည်း တရုတ်အိုဗာစီတို့ဟာ အမိနိုင်ငံနဲ့ ဇာတိရပ်ရွာအပေါ် ချစ်မြတ်နိုးစိတ်ကတော့ အမြဲကိန်းဝပ်လျက်ရှိ နေဆဲပဲဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်ရပ်ခြားမှာ နေထိုင်ရပေမဲ့ အမိနိုင်ငံကို ချစ်မြတ်နိုးပြီး ဇာတိရပ်ရွာ တည်ဆောက်မှုနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုစွမ်းဆောင်နေကြ ပါတယ်။ ၂၀၁၁-ခုနှစ်နှစ်ကုန်ပိုင်းအထိ ကွမ်တုံပြည်နယ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ စုစုပေါင်း ဘီလီယံ၂၇၀-ကျော် ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာခိုင်နှုန်း ၇၀-တို့ဟာ တရုတ်အိုဗာစီ၊ ဟောင်ကောင်နဲ့ မကာအိုတို့က ရင်းနှီးမြှုပ်နှံတဲ့ငွေဖြစ်ကြပါတယ်။ ကွမ်တုံပြည်နယ်မှာ တရုတ်အိုဗာစီတို့ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်း စုစုပေါင်း ၅-သောင်း၅-ထောင်၅-ရာရှိပြီး ကွမ်တုံပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းရဲ့ ရာခိုင်နှုန်း၆၀-ကျော် ရှိပါတယ်။

ကွမ်တုံပြည်နယ် တရုတ်အိုဗာစီတို့ရဲ့ ဇာတိရပ်ရွာတွေရှိ အဆောက်အအုံတွေကို ကိုယ်စားပြုနိုင်တာဟာ ခိုင်ဖိန်ခံတပ်မျှော်စင်ဖြစ်ပါတယ်။ ချင်မင်းဆက်နောက်ဆုံး ကာလပိုင်းမှာ ဒေသခံလူငယ်ယောက်ျားတွေဟာစီးပွားရှာဖို့အတွက် အမေရိကတိုက်ကို သွားရောက်ပြီးအလုပ်လုပ်ခဲ့ကြပါတယ်။ အပင်ပန်းခလ လုပ်ကိုင်ပြီးနောက် ရရှိတဲ့ဝင်ငွေတွေကို ဇာတိရပ်ရွာရှိ မိသားစုတွေဆီကို ပေးပို့ခဲ့ကြပါတယ်။ တစ်ချို့ကတော့ ပိုက်ဆံ စုမိဆောင်းမိပြီဆိုရင် ဇာတိရပ်ရွာကိုပြန်ပြီး မှီတင်း နေထိုင်လာခဲ့ကြပါတယ်။ သူခိုးတွေဟာ အဲဒီတရုတ်အိုဗာစီတို့ရဲ့ မိသားစု ဝင်အိမ်တွေကို အဓိကထားပြီး ခိုးခဲ့ကြပါတယ်။ ခိုင်ဖိန်မြို့သား မစ္စတာချင် က၊ (အသံ--၃)

အဲဒီတုန်းက သူခိုးများလှတယ်။ မိုးမချုပ်ရင် ကျွန်တော်တို့ဟာ ခံတပ်မျှော်စင်မှာပဲ နေပြီး အပြင်မထွက်ရဲ ကြတော့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

သူခိုးတွေကို ကာကွယ်ဖို့အတွက် ဒေသခံတို့ဟာ ခံတပ်မျှော်စင်တွေကို တည်ဆောက်ခဲ့ကြပါတယ်။ ခံတပ်မျှော်စင်ဟာ သူခိုးတွေကို ကာကွယ်နိုင်ရုံသာမကဘဲ ရေဘေးအတွက်ွကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခိုင်ဖိန်မြို့ဟာ မြေနိမ့်ချိုင့်ဝှမ်းဒေသမှာ တည်ရှိပြီး အနီးပတ်ဝန်ကျင်မှာ မြစ်တွေများစွာရှိတဲ့အတွက် တိုင်ဖုန်းလေမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းတဲ့အခါ ရေဘေး အန္တရာယ်များဖြစ်ပွားလေ့ရှိ ပါတယ်။ ခံတပ်မျှော်စင်ဟာ ခိုင်မြဲလှပါတယ်။ ရေထုတ်စွမ်းကောင်းလှပါတယ်။ ဒါကြောင့် မြေညီထပ်နစ်မြုပ်သွားရင် တခြား အထပ်တွေကို ရွှေ့ပြောင်းနေထိုင်ရပါတယ်။

ဒီနေ့ ကွမ်တုံပြည်နယ်က တရုတ်အိုဗာစီတို့ရဲ့ ဇာတိရပ်ရွာများအကြောင်းကို အစီရင်ခံပြီးပြီမို့ သောတရှင်များကို မေးခွန်း၃-ခုပေးချင်ပါတယ်ခင်ဗျာ။

၁။ တရုတ်ပြည်မှာ ပင်လယ်ရပ်ခြားရောက်တရုတ်အမျိုးသားအများဆုံး မှီတင်း နေထိုင်တဲ့ပြည်နယ်ဟာ ဘယ်ပြည်နယ်ဖြစ်ပါသလဲ။

၂။ တရုတ်အိုဗာစီတို့ရဲ့ ပထမဇာတိရပ်ရွာဟာ ဘယ်နေရာမှာတည်ရှိပါသလဲ။

၃။ ဘာဖြစ်လို့ခိုင်ဖိန်မြို့မှာ ခံတပ်မျှော်စင်တွေ တည်ဆောက်ပါသလဲ။

   Webradio