• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် သံအဆက်အသွယ် ပြန်လည်ထားရှိခြင်း။

(GMT+08:00) 2012-12-31 12:34:20

     ၂၀၁၂-ခုနှစ် ဇူလိုင်လ ၁၂-ရက်နေ့က မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်-မစ်ချယ်လ်-သည် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်ထံသို့ သံအမတ်ကြီး ခန့်အပ်လွှာကို ပေးအပ်ပြီး လွန်ခဲ့သည့် ၂၂-နှစ်အတွင်း ပထမဆုံး မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာပါသည်။ မြန်မာ-အမေရိကန် ဆက်ဆံမှုသည်လည်း တစ်ဖြည်းဖြည်း ပြန်လည်နွေးထွေးလာခဲ့ပါသည်။ အောက်တိုဘာလက သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ပြီး လွန်ခဲ့သည့် ၆၄-နှစ်အတွင်း အမေရိကန်နိုင်ငံသို့ ခရီးလှည့်လည်သည့် ပထမဆုံး မြန်မာနိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင် ဖြစ်လာပါသည်။ နိုဝင်ဘာလ ၁၉-ရက်နေ့က အမေရိကန် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ပြီး မြန်မာနိုင်ငံတွင် ခရီးလှည့်လည်သည့် ပထမဆုံး တာဝန်လက်ရှိသည့် အမေရိကန် သမ္မတ ဖြစ်လာပါသည်။

   Webradio