• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဲခေါင်မြစ် လူသတ်မှု၏ လက်သည်တရားခံကို လာအို-နိုင်ငံတွင် ဖမ်းဆီးမိခဲ့ခြင်း။

(GMT+08:00) 2012-12-31 12:32:27

၂၀၁၁-ခုနှစ် အောက်တိုဘာလ ၅-ရက်နေ့ မဲခေါင်မြစ် လူသတ်မှုတွင် တရုတ်သင်္ဘောသား ၁၃-ယောက် သေဆုံးခဲ့ရပါသည်။ ၄င်းသတ်ဖြတ်မှု၏ လက်သည်တရားခံ စိုင်နော်ခမ်းကို ၂၀၁၂-ခုနှစ် ဧပြီလ ၂၅-ရက်နေ့က လာအို-နိုင်ငံတွင် ဖမ်းဆီးမိခဲ့ပါသည်။ မေလ ၁၀-ရက်နေ့က လာအိုနိုင်ငံသည် စိုင်းနော်ခမ်းကို တရုတ်နိုင်ငံအား လွှဲပြောင်းပေးခဲ့ပါသည်။ အောက်တိုဘာလ ၁၇-ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့ အလယ်တန်း တရားရုံးသည် စိုင်းနော်ခမ်း အပါအဝင် လက်သည် တရားခံ ၄-ယောက်ကို သေဒဏ်ပေးရန် စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ၄င်းသတ်ဖြတ်မှု စုံးစမ်းစစ်ဆေးရေး၊ သက်သေအထောက်အထားများ ရှာဖွေစုဆောင်းရေးနှင့် စိုင်းနော်ခမ်းကို ရှာဖွေဖမ်းဆီးရေး ဆောင်ရွက်ရာတွင် တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအို လေး-နိုင်ငံတို့သည် လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး အားထုတ်ကြိုးပမ်းခဲ့ကြ ပါသည်။ ယင်းသည် တရားဥပဒေ ကျင့်သုံးမှု ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အောင်မြင်သောစံတစ်ခု တင်လောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

   Webradio