• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အမတ် အဖြစ် အရွေးခံရခြင်း။

(GMT+08:00) 2012-12-31 12:21:04

    ၂၀၁၂-ခုနှစ်ဧပြီလ ၁-ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်အမတ်နေရာ ဖြည့်စွက်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်အဆင့်ဆင့်မှ ဖြည့်စွက်ရွေးကောက်ရန် အမတ်နေရာ ၄၅-ခုအနက် ၄၃-ခုရရှိ

ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော် လက်အောက်ရှိ ပြည်သူ့လွှတ်တော် အမတ်အဖြစ်လည်း အရွေးခံခဲ့ရပါသည်။ ယင်းသည် မြန်မာ လွှတ်တော် အနေနှင့် အတိုက်အခံပါတီကို လက်ခံလာခြင်းကို ပြဆိုနေသည့်အပြင်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ကျေအေးရေး တစ်ဆင့် တွန်းအားပေးရေးအတွက်လည်း တံခါးဖွင့်ပေးခဲ့ပါသည်။

 

   Webradio