• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှင်းဆီ----အလင်းရောင်

(GMT+08:00) 2012-06-19 13:56:26

နှင်းဆီ

ဆူးတွေရှိတတ်ပေမယ့်၊

အခြားအခြားပန်းတွေလိုပဲ၊

ဖူးရာကနေပွင့်ရတယ်၊

အစွမ်းကုန်ပွင့်နေချိန်မှာ၊

အစွမ်းကုန်မွှေးပျံ့ကြတယ်၊

ပြီးရင်တော့လည်း၊

အခြားသောပန်းတွေလိုပဲ၊

ပွင့်ဖတ်ကြွေကျမြေခရတာပါပဲ၊

ကျွန်မကနှင်းဆီပါ၊

ဆူးကိုမကြောက်ပါနဲ့၊

အချိန်မီနမ်းရှိုက်ရဲဖို့ပဲလိုပါတယ်။

----အလင်းရောင်

   Webradio