• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိတ်တေလေ-မေအားမာန်(CRI)

(GMT+08:00) 2012-06-15 17:51:03

စိတ်တေလေ

 

စိတ်တွေလေနေတယ်..

ဘယ်သူနားလည်နိုင်မလဲကွယ်..

ရင်ဖွင့်လို့ရနိုင်တဲ့သူ… ကိုတွေ့ချင်တယ်

ကိုယ့်အဖြစ်က ဆန်းကြယ်တယ်

ခင်မင်ရိုးသားစွာ

ပွင့်လင်းမှုတွေနဲ့

ခင်မိခဲ့တဲ့… သူကိုမှဒီလိုပြောထွက်ခဲ့တယ်…

ဘယ်လိုမှနားမလည်နိုင်ခဲ့ပေမဲ့…

ခင်မင်မှုကို…ဘာလို့မျှော်နေမိသလဲဆိုတာ…

ကိုယ်တိုင်လည်းမသိခဲ့တော့ပါဘူးကွယ်…

မခင်ရရင်… မပြောရရင်…မနေနိုင်ပါဘူးလို့…

ဆိုလာသူရယ်…

အခုတော့လည်း… ပြောခဲ့ဖူးတဲ့

စကားခွန်းတိုင်းက

လေလှိုင်းနဲ့အတူ

ဟိုး… အဝေးကြီးဆီကို လွင့်ပျံလို့…

သွားနေပါတော့တယ်။

                                     ----မေအားမာန်

 

 

   Webradio