• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံCRI အသံလွှင့်ဌာနတို့ ပူးပေါင်းကာမြန်မာ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပမည်
(GMT+08:00) 2012-06-15 17:44:30
       ပြိုင်ပွဲဝင်များအနေဖြင့် အသက်အရွယ်နှင့် ပညာအရည်အချင်း ကန့် သတ်ချက် မရှိ၊ ကဗျာခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ဖေါ်ညွှန်းရ မည်ဖြစ်ပြီး   နှစ်နိုင်ငံသဘာဝအလှအပများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ရေးဖွဲ့ စပ်ဆိုနိုင်သည်။ ကဗျာကို မြန်မာဘာသာဖြင့်ရေးဖွဲ့ ရမည်ဖြစ်ပြီး သဒါ နှင့် စပ်ထုံးစပ်နည်း မှန်ကန်စွာ ရေးဖွဲ့ရပါမည်။ စာလုံးရေ ကန့်သတ်ချက်မရှိဘဲ အခြားနိုင်ငံများကို ထိခိုက်စေသော၊ နိုင်ငံရေးဆန်သည့် အရေးအသားများမရှိစေရပါ။ ပြိုင်ပွဲဝင်သူများသည်က လောင်အမည်၊   ကိုယ်ရေးအကျဉ်း၊    ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ ပေးပို့ရမည်ဖြစ်ပြီး ကွန်ပျူတာ ဖြင့် ဖြစ်စေ၊လက်ရေးဖြင့်ဖြစ်စေ ၊ စာတစ်မျက်နှာတည်းတွင် သပ်၇ပ်စွာရေးသားကာ မူရင်းနှင့်မိတူစာမူ (၂) စောင် ၊ ကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်း ကတိဝန်ခံချက်၊
ဆက်သွယ်ရန် လိပ်စာအပြည့်အစုံဖော်ပြလျက်     မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရေး ကော်မတီ၊   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်(တပ်ကုန်း) သို့ လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်(ပြည်လမ်း)သို့ လည်းကောင်း၊ Myanmar @ cri.cnသို့ E.Mail ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ၃၀ ရက် နောက်ဆုံးထား ကာ ပေးပို့ ရမည်ဖြစ်သည်။
   ပဏာမရွေးချယ်ခံရသော ကဗျာများကို ကြေညာပေးသွားမည်ဖြစ်ပြီး ရွေးချယ်ထားသော ကဗျာများ ရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလကုန်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အထူးဆု နှစ်ဦး(တရုတ်ပြည်အလည်အပတ်ခရီး)၊ ပထမဆုတစ်ဦး၊ ဒုတိယဆု သုံးဦး၊ တတိယဆု ငါးဦး နှင့် ကဗျာလက်ရာကောင်းဆုများကိုလည်းချီးမြှင့် သွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ်သော သည်များကိုအသေးစိတ်သိရှိလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်)
 ဖုန်း-၀၆၇-၇၉၄၇၅ နှင့် ၀၆၇-၇၉၃၇၄ တို့သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။(သတင်းစဉ်)
   Webradio