|
||||||||
|
|||||||||||||
အဝေးဆုံးမှအဝေးဆုံး
ဝေးခဲ့ပြီလေ၊လပြည့်ညရဲ့ညတည၊
မထင်မှတ်ပဲ၊သူ့နှုတ်ခမ်းများမှချစ်စကား၊
အမှတ်မထင်ကြားခဲ့ရတော့၊
ရွှေ၇င်တွေခုန်၊နှလုံးသားလှိုက်မော၊
ပျော်ခဲ့စိတ်တွေမှာ၊ပရမ်းပတာပေါ့။
ဒါပေမယ့်လေ၊
လပြည့်ညလည်းလွန်၊လပြည့်ကျော်ပြီး
လကွယ်ညလယ်၊ရောက်လာလေတော့၊
ချစ်တဲ့သူကို၊ရှာလည်းမတွေ့၊
ချစ်သောသူက၊ဝေးဝေးပြေးတော့၊
ရင်မှာခံစား၊နှလုံးသားကွဲအက်၊
သံစဉ်ပျက်ပြီး၊ဝေးခဲ့ပြီလေ။
----နွေဦးခင်
|