• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပထမအသုတ် ကယ်ဆယ်ရေးအဖွဲ့ ဖိလစ်ပိုင်းသို့ ထွက်ခွာ

(GMT+08:00) 2013-11-20 16:30:10

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟုန်လေက တရုတ် ကြက်ခြေနီအသင်း လက်အောက်ရှိ ကယ်ဆယ်ရေးအဖွဲ့သည် ယနေ့ ၂၀-ရက်နေ့တွင် ပထမအသုတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း၊ တရုတ် ရေတပ်မှ Ark Peace ဆေးရုံသင်္ဘောသည်လည်း ဖိလစပိုင်နိုင်ငံ၌ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် အမြန်ဆုံး ထွက်ခွာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ် စုန့်ချင့်လျင် ရန်ပုံငွေအဖွဲ့သည် မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင် ဒေသများအား တရုတ်ယွမ်ငွေ ၃-သန်း ၂-သိန်းခန့်ရှိသော ယာယီနေအိမ် ၂၀၀ ကို လှူဒန်းမည်ဖြစ်ကြောင်း ယမန်နေ့ ၁၉-ရက်နေ့က ကြေညာခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio